ကလေးတွေ ကျောင်းကိစ္စနဲ့ပက်သက်သည့်အခါ မိခင်အများစုကပဲ လိုအပ်သည်များကို ပြင်ပေးဆင်ပေးတတ်ကြသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံမှ ဖခင်တစ်ဦးသည် သမီးလေးရဲ့ကျောင်းကပွဲရှိသော်လည်း ဇနီးသည်မှ အလုပ်မအားတာကြောင့် သမီးလေးအား ကျောင်းသို့လိုက်မပို့နိုင်သောအခါ လိုအပ်သည့်ပြင်ဆင်မှုများကို ကိုယ်တိုင်ပဲ စိတ်ရှည်စွာ လုပ်ပေးခဲ့သည်။
ဖခင်ဖြစ်သူမှာ မိတ်ကပ်အလှပြင်ပိုင်းဆိုင်ရာနဲ့ ပက်သက်ပြီး မကျွမ်းကျင်ပေမယ့်လည်း ကပွဲမှာသမီးလေးလည်း အတန်းဖော်ကလေးတွေနဲ့တန်းတူဖြစ်စေရန် မိတ်ကပ်လိမ်းခြယ်ကာ အလှပြင်ပေးခဲ့သည်။
သမီးလေးမှာလည်း ဖခင်ဖြစ်သူရဲ့ပြင်ဆင်ပေးမှုကြောင့် ချစ်စရာကောင်းနေပြီး မြင်တွေ့သူတိုင်း ဖခင်ရဲ့နွေးထွေးကြင်နာသောလုပ်ရပ်ကို ချီးမွမ်းနေကြသည်။
Nge (Cele Daily)
Zawgyi
ကျောင်းကပွဲမှာ သမီးလေးကိုအလှဆုံးဖြစ်နေအောင် ကိုယ်တိုင်မိတ်ကပ်လိမ်းပြီး အလှပြင်ပေးနေသည့် ဖခင်တစ်ဦး
Nge (Cele Daily)