မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် အရပ်က၂၀လက်မသာရှိပြီး ကျောင်းတက်ခွင့်မရသော လူပုညီအစ်ကိုသုံးယောက်

အချို့သော ကလေးငယ်များသည် မျိုးရိုးဗီဇအရ အားနည်းချက်ကြောင့် ခန္ဓာကိုယ်မှာ ချို့ယွင်းပြီး မပြည့်စုံပဲမွေးဖွားလာရကာ ရောဂါအဖြေကိုရှာမတွေ့၍ ကုသဖို့ဆေးဖို့မရှိဖြစ်ရသည်။ယခုတွင်လည်း အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံနှစ်ဦးမှ မွေးဖွားထားသည့် သားငယ်လေးသုံးယောက်သည် ခန္ဓာကိုယ်မှာကြီးထွားမှုမရှိပဲ အသက်၂နှစ်သားလေးလို လူပုလေးဖြစ်နေခဲ့သည်။

သားသုံးယောက်တွင် အကြီးဆုံးသားမှာ အသက်၁၃နှစ်၊အလတ်က အသက်၁၁နဲ့ အငယ်ဆုံးသားဖြစ်သူမှာ အသက် ၇နှစ်ရှိပြီဖြစ်သော်လည်း အရပ်အမောင်းမှာ ၂၀လက်မသာရှိ၍ အခြားသောကလေးငယ်တွေလို ကျောင်းလည်းမတက်ရပဲဖြစ်နေသည်။

မိဘနှစ်ပါးသည် လက်လုပ်လက်စားသမားတွေသာဖြစ်၍ သားသုံးယောက်လုံးရဲ့ချို့ယွင်းချက်ရောဂါကို ကုသပေးဖို့ရာ ငွေကြေးမတတ်နိုင်ပဲ ဆရာဝန်များကလည်း ရောဂါအဖြေကိုရှာမရပဲဖြစ်နေသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment