အိမ်ထဲသို့ပစ္စည်းခိုးဖို့ဝင်ရောက်ခဲ့ပေမယ့် မြည်းကြည့်ရုံနဲ့မတင်းတိမ်နိုင်ပဲ တစ်ပုလင်းလုံးကုန်အောင်သောက်ခဲ့မိ၍ အမူးလွန်ကာ အိမ်ရှေ့ခန်းမှာတင် အိပ်ပျော်သွားသည့် သူခိုးရဲ့အဖြစ်

လူအချို့သည် အလုပ်ကောင်းကောင်းလုပ်ပြီး ရရှိလာသောဝင်ငွေထက် သူတစ်ပါးဆီကနေ အချောင်ရသောငွေကိုသာ ပိုမက်မောတတ်ကြသည်။ယခုတွင်လည်း မလေးရှားနိုင်ငံမှ အိမ်တစ်အိမ်တွင် မီးဖိုချောင်တံခါးသော့မခတ်မိခဲ့၍ နေအိမ်အတွင်းသို့ သူခိုးတစ်ဦးရဲ့ဝင်ဖောက်ခြင်းခံခဲ့ရသော်လည်း ကံကောင်းစွာပဲ ပစ္စည်းတစ်ခုမှပျောက်မသွားခဲ့ပေ။

သူခိုးဖြစ်သူသည် ညသန်းခေါင်ယံမှာ အိမ်တစ်အိမ်ရဲ့ အုတ်တံတိုင်းကနေကျော်ပြီး အိမ်ထဲသို့ဝင်ရောက်၍ ပစ္စည်းများလိုက်ရှာယူပြီးနောက် အရက်ပုလင်းကိုမြင်တွေ့ကာ အရသာမြည်းစမ်းကြည့်ခဲ့သည်။

သူခိုးဖြစ်သူသည် အရက်ကိုမြည်းကြည့်ရုံနဲ့မတင်းတိမ်နိုင်ပဲ တစ်ပုလင်းလုံးကုန်အောင်သောက်ခဲ့မိ၍ အမူးလွန်ကာ အိမ်ထဲမှာပဲ ပိတ်မိပြီး အိပ်ပျော်သွားခဲ့သည်။အိမ်ရှင်မှ မနက်ခင်းနိုးလာသောအခါ သားဖြစ်သူရဲ့သူငယ်ချင်းမူးပြီးအိပ်နေတယ်ဟုထင်ခဲ့ပေမယ့် အခန်းထဲ ပစ္စည်းဖွထားတာကိုမြင်ပြီး သူခိုးမှန်းသိကာ ရဲတိုင်ခဲ့ရာတွင် သူခိုးအား နာရီဝက်အကြာနိုးခဲ့ရသည်။

Nge (Cele Daily)

Zawgyi

အိမ္ထဲသို႔ပစၥည္းခိုးဖို႔ဝင္ေရာက္ခဲ့ေပမယ့္ ျမည္းၾကည့္႐ုံနဲ႔မတင္းတိမ္ႏိုင္ပဲ တစ္ပုလင္းလုံးကုန္ေအာင္ေသာက္ခဲ့မိ၍ အမူးလြန္ကာ အိမ္ေရွ႕ခန္းမွာတင္ အိပ္ေပ်ာ္သြားသည့္ သူခိုးရဲ႕အျဖစ္

လူအခ်ိဳ႕သည္ အလုပ္ေကာင္းေကာင္းလုပ္ၿပီး ရရွိလာေသာဝင္ေငြထက္ သူတစ္ပါးဆီကေန အေခ်ာင္ရေသာေငြကိုသာ ပိုမက္ေမာတတ္ၾကသည္။ယခုတြင္လည္း မေလးရွားႏိုင္ငံမွ အိမ္တစ္အိမ္တြင္ မီးဖိုေခ်ာင္တံခါးေသာ့မခတ္မိခဲ့၍ ေနအိမ္အတြင္းသို႔ သူခိုးတစ္ဦးရဲ႕ဝင္ေဖာက္ျခင္းခံခဲ့ရေသာ္လည္း ကံေကာင္းစြာပဲ ပစၥည္းတစ္ခုမွေပ်ာက္မသြားခဲ့ေပ။

သူခိုးျဖစ္သူသည္ ညသန္းေခါင္ယံမွာ အိမ္တစ္အိမ္ရဲ႕ အုတ္တံတိုင္းကေနေက်ာ္ၿပီး အိမ္ထဲသို႔ဝင္ေရာက္၍ ပစၥည္းမ်ားလိုက္ရွာယူၿပီးေနာက္ အရက္ပုလင္းကိုျမင္ေတြ႕ကာ အရသာျမည္းစမ္းၾကည့္ခဲ့သည္။

သူခိုးျဖစ္သူသည္ အရက္ကိုျမည္းၾကည့္႐ုံနဲ႔မတင္းတိမ္ႏိုင္ပဲ တစ္ပုလင္းလုံးကုန္ေအာင္ေသာက္ခဲ့မိ၍ အမူးလြန္ကာ အိမ္ထဲမွာပဲ ပိတ္မိၿပီး အိပ္ေပ်ာ္သြားခဲ့သည္။အိမ္ရွင္မွ မနက္ခင္းႏိုးလာေသာအခါ သားျဖစ္သူရဲ႕သူငယ္ခ်င္းမူးၿပီးအိပ္ေနတယ္ဟုထင္ခဲ့ေပမယ့္ အခန္းထဲ ပစၥည္းဖြထားတာကိုျမင္ၿပီး သူခိုးမွန္းသိကာ ရဲတိုင္ခဲ့ရာတြင္ သူခိုးအား နာရီဝက္အၾကာႏိုးခဲ့ရသည္။

Nge (Cele Daily)

  • Leave a Comment