မိတ်ကပ်သည် လူငယ် လူကြီးတိုင်း သုံးစွဲကြသလို ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိစေရာ အပြင်သွားတိုင်း အထောက်အကူပြုစေပေမယ့် မိတ်ကပ်ကိုစနစ်ကျကျလိမ်းတတ်ရန် လိုအပ်သည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက မိန်းကလေးတစ်ဦးသည် မိတ်ကပ်အလှပြင်သင်တန်းကို တက်ခဲ့ပြီး ကိုယ့်မျက်နှာကိုပြင်ကြည့်သည်မှာလည်း အကြိမ်ပေါင်းမနည်းတော့ပေမယ့် ကျေနပ်အားရမှုမရှိခဲ့ပေ။ထို့ကြောင့် မိန်းကလေးသည် ကိုယ်တိုင်ပြင်ကြည့်တာထက် အခြားသူများကိုပြင်ပေးကြည့်ခဲ့ရာ လူမရှိတာနဲ့ အိမ်မှာရှိတဲ့မောင်လေးဖြစ်သူကို မော်ဒယ်အဖြစ်လုပ်ခိုင်းခဲ့သည်။
မောင်လေးဖြစ်သူသည် မိတ်ကပ်၊နှုတ်ခမ်းနီနဲ့ ဆံပင်တုကိုပါတပ်ထားချိန် ယောကျာ်းလေးနဲ့မတူတော့ပဲ ချစ်စဖွယ်မိန်းကလေးအဖြစ်သို့ပြောင်းသွားကာ လိုင်းပေါ်တင်ပြီးနောက် အားပေးမှုများစွာ ရရှိခဲ့သည်။
Nge (Cele Daily)
Zawgyi
မိတ်ကပ်သင်တန်းတက်ပြီးသော်လည်း အစမ်းလေ့ကျင့်ကြည့်ရန်လူမရှိတာကြောင့် မောင်လေးအား မော်ဒယ်လုပ်ခိုင်းခဲ့သည့် အစ်မ
Nge (Cele Daily)