ညီမဖြစ်သူနဲ့ ရည်းစားဟောင်းကောင်လေးတို့ မင်္ဂလာဆောင်တာကို အဝေးကနေ ဝမ်းနည်းစွာကြည့်နေရတဲ့ မိန်းကလေး

ကိုယ်ချစ်ရတဲ့သူနဲ့ ခွဲခွာရခြင်းက အနာကျင်ခံစားရဆုံးဖြစ်ပြီး ကိုယ်မဟုတ်တဲ့အခြားတစ်ယောက်နဲ့ လက်ထပ်သွားသည့်အခါ ပိုပြီးတော့ ဝမ်းနည်းကြေကွဲရပြန်သည်။ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံက ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးတွင် ပွဲတက်ရောက်သူ မိန်းကလေးတစ်ဦးသည် သတို့သားနဲ့သတို့သမီး ပြုံးပျော်နေတာကိုကြည့်ပြီး ဝမ်းနည်းကာ မျက်ရည်ကျနေခဲ့သည်။

အကြောင်းမှာ သတို့သားဖြစ်သူသည် မိန်းကလေးရဲ့ရည်းစားဟောင်းဖြစ်ပြီး သတို့သမီးကလည်း အခြားသူစိမ်းမဟုတ်ပဲ သူမရဲ့ညီမအရင်းခေါက်ခေါက်သာဖြစ်နေခဲ့သည်။

သတို့သားဖြစ်သူသည် မိန်းကလေးနှင့်ချစ်ကြိုက်နေစဉ်အတွင်း နောက်ကွယ်မှာ ညီမဖြစ်သူနဲ့လည်း အီစီကလီလုပ်ပြီး ဖောက်ပြန်ကာ လက်ထပ်သွားခြင်းဖြစ်တာကြောင့် မိန်းကလေးမှာ ရင်နာနာနဲ့ မင်္ဂလာပွဲကိုတက်ရောက်ခဲ့ရသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment