မိန်းမသားတစ်ယောက်ဖြစ်နေပေမယ့် နှစ်ပေါင်း၅၀ကျော် ကားဝပ်ရှော့ဆိုင်ဖွင့်ပြီး အသက်မွေး၀မ်းကျောင်းပြုနေသော အသက်၇၂နှစ်အရွယ် အမျိုးသမီးကြီး

ကား၊ဆိုင်ကယ်တွေ ပြုပြင်သည့်အခါ အင်အားစိုက်ထုတ်ရ၍ အမျိုးသားများကသာ လုပ်ကိုင်ကြသည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက အသက်၇၂နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် မိန်းမသားတစ်ယောက်ဖြစ်နေပေမယ့် ကားဝပ်ရှော့ဆိုင်ကို နှစ်ပေါင်း၅၀ကျော်အကြာ လုပ်ကိုင်ခဲ့သည်။

အမျိုးသမီးကြီးသည် ကျောင်းပြီး၍ဘွဲ့ရသော်လည်း သက်သာသည့်ဝန်ထမ်းအလုပ်များကိုမလုပ်လိုပဲ ကားပြုပြင်ရေးသင်တန်းကိုတက်ရောက်ပြီးတော့ ရပ်ကွက်ထဲမှာ ဝပ်ရှော့ဆိုင်ဖွင့်ခဲ့ရာ အစပိုင်းတွင် သူမရဲ့အရည်အချင်းကိုမယုံကြည်တာကြောင့် ကားလာပြင်မည့်သူမရှိပဲ အများရဲ့လှောင်ရယ်ခြင်းကိုသာခံခဲ့ရသည်။တစ်နေ့မှာတော့ အမျိုးသမီးကြီးရဲ့ဆိုင်ရှေ့ကိုဖြတ်သွားသောကားတစ်စီးမှ ရုတ်တရက်ရပ်သွားပြီး စက်နှိုးမရဖြစ်နေချိန် ပြင်ပေးခဲ့ရာကနေ ဖောက်သည်များစွာရရှိပြီး နာမည်ကြီးလာခဲ့သည်။

ယခုအချိန်တွင် အမျိုးသမီးကြီးသည် အသက်ကြီးနေပြီဖြစ်တာကြောင့် ကားပြင်သည့်အလုပ်ကနေ အနားယူပြီး သားသမီး၃ယောက်ရှိရာ သူတို့ကိုကားပြင်သည့်ပညာတွေ လွှဲပြောင်းသင်ပေးဖို့လုပ်ခဲ့ပေမယ့် ဘယ်သူကမှ စိတ်မဝင်စားပဲဖြစ်နေတာကြောင့် အခြားအငှားအလုပ်သမားကိုသာ ခေါ်ထားခဲ့ရသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment