အေးချမ်းသောအရပ်ဒေသတွင်သာ နေလို၍ မြို့ကြီးပြကြီးကိုစွန့်ခွာကာ လူသူကင်းမဲ့သည့် တောထဲမှာ ၃၂နှစ်အကြာ ပြောင်းရွှေ့နေထိုင်ခဲ့သော အမျိုးသား

အချို့သောသူများသည် မြို့ကြီးပြကြီးမှာသာ ခေတ်မှီမှီနေချင်ကြပြီး အချို့ကျတော့ အေးချမ်းလှသည့်တောအရပ်ဒေသတွင်သာ စိတ်အေးလက်အေး နေထိုင်လိုကြသည်။သို့ဖြစ်၍ ဂျာမန်နိုင်ငံက အသက်၅၆နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် အိမ်ထောင်လည်းမပြုပဲ စိတ်ရှုပ်နဲ့အပူအပင်ကင်းဝေးသည့် ဒေသလေးတွင် တစ်ယောက်တည်း အေးချမ်းစွာနေထိုင်လိုသည့် ဆန္ဒရှိခဲ့သည်။

ထို့ကြောင့် အမျိုးသားကြီးသည် တွယ်တာစရာမိသားစုလည်းမရှိ၍ တောအုပ်ကြီးတစ်ခုသို့ထွက်လာခဲ့ပြီး မြေကြီးကာအိမ်လေးဆောက်ပြီး ဟင်းသီးဟင်းရွက်များစွာ စိုက်ပျိုးပြီးတော့ ၃၂အကြာ တစ်ယောက်တည်း အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်။

အမျိုးသားကြီးသည် သူ့ဘဝတစ်ခုလုံးကို တောအုပ်လေးထဲမှာသာ အချိန်ကုန်လွန်စေခဲ့ပြီး သူစိုက်ပျိုးထားသော သီးနှံများကို အနီးနားကရွာထဲသို့ ရောင်းချပြီး လိုအပ်သည့် ပစ္စည်းများဝယ်ယူကာ လက်ရှိနေနေရသည့်ဘဝလေးကို ကျေနပ်နေခဲ့သည်။

Nge (Cele Daily)

Zawgyi

ေအးခ်မ္းေသာအရပ္ေဒသတြင္သာ ေနလို၍ ၿမိဳ႕ႀကီးျပႀကီးကိုစြန္႔ခြာကာ လူသူကင္းမဲ့သည့္ ေတာထဲမွာ ၃၂ႏွစ္အၾကာ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ေသာ အမ်ိဳးသား

အခ်ိဳ႕ေသာသူမ်ားသည္ ၿမိဳ႕ႀကီးျပႀကီးမွာသာ ေခတ္မွီမွီေနခ်င္ၾကၿပီး အခ်ိဳ႕က်ေတာ့ ေအးခ်မ္းလွသည့္ေတာအရပ္ေဒသတြင္သာ စိတ္ေအးလက္ေအး ေနထိုင္လိုၾကသည္။သို႔ျဖစ္၍ ဂ်ာမန္ႏိုင္ငံက အသက္၅၆ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးသည္ အိမ္ေထာင္လည္းမျပဳပဲ စိတ္ရႈပ္နဲ႔အပူအပင္ကင္းေဝးသည့္ ေဒသေလးတြင္ တစ္ေယာက္တည္း ေအးခ်မ္းစြာေနထိုင္လိုသည့္ ဆႏၵရွိခဲ့သည္။

ထို႔ေၾကာင့္ အမ်ိဳးသားႀကီးသည္ တြယ္တာစရာမိသားစုလည္းမရွိ၍ ေတာအုပ္ႀကီးတစ္ခုသို႔ထြက္လာခဲ့ၿပီး ေျမႀကီးကာအိမ္ေလးေဆာက္ၿပီး ဟင္းသီးဟင္း႐ြက္မ်ားစြာ စိုက္ပ်ိဳးၿပီးေတာ့ ၃၂အၾကာ တစ္ေယာက္တည္း ေအးေအးခ်မ္းခ်မ္း ေနထိုင္ခဲ့သည္။

အမ်ိဳးသားႀကီးသည္ သူ႔ဘဝတစ္ခုလုံးကို ေတာအုပ္ေလးထဲမွာသာ အခ်ိန္ကုန္လြန္ေစခဲ့ၿပီး သူစိုက္ပ်ိဳးထားေသာ သီးႏွံမ်ားကို အနီးနားက႐ြာထဲသို႔ ေရာင္းခ်ၿပီး လိုအပ္သည့္ ပစၥည္းမ်ားဝယ္ယူကာ လက္ရွိေနေနရသည့္ဘဝေလးကို ေက်နပ္ေနခဲ့သည္။

Nge (Cele Daily)

  • Leave a Comment