ဖျားနေတာရက်အတော်ကြာပြီး ဆေးသောက်လည်းမပျောက်၍ လိုင်းပေါ်အကူအညီတောင်းခဲ့ရာ ခေါင်းတလားရောင်းသည့်ဆိုင်ကနေ လျှော့စျေးထားပေးမယ်ဆိုပြီး စာပို့လာသည့်အဖြစ်
ယနေ့ခေတ်တွင် လူငယ်အများစုတို့သည် တစ်ခုခုဆိုတာနဲ့ လိုင်းပေါ်တင်အသိပေးတတ်ကြ၍ အကျိုးရှိစွာအသုံးချပါက ကောင်းတာတွေနဲ့ကြုံရတတ်ပေမယ့် တစ်ခါတစ်လေ မကောင်းသည့်အရာများလည်း ဖြစ်စေသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံက ကောင်လေးတစ်ဦးသည် နှာစေးချောင်းဆိုးပြီး နေမကောင်းဖြစ်နေသည်မှာ ရက်အတော်ကြာကာ ဘာဆေးသောက်သောက်လည်း မပျောက်ပဲဖြစ်နေခဲ့သည်။ထို့ကြောင့် ကောင်လေးသည် ဆေးညွှန်းလေးရအောင် ပုံရိုက်ပြီးတော့ လိုင်းပေါ်မှာ အကူအညီတောင်းခဲ့ရာ ဆေးကောင်းလမ်းညွှန်တော့မရပဲ ခေါင်းတလားရောင်းသည့်ဆိုင်ကနေ လျှော့စျေးနဲ့ရောင်းပေးမည်ဖြစ်ကြောင်း ကြော်ငြာစာကိုသာ လက်ခံရရှိခဲ့သည်။
ထိုအဖြစ်ကြောင့် ကောင်လေးမှာ သူတစ်ခုခုဖြစ်သွားပါက စိတ်ပူပေးမယ့်မိသားစု၊ဆွေမျိုးတွေအပြင် စျာပနာအခမ်းအနား ပစ္စည်းရောင်းသည့်လူပ်ငန်းကလည်း သူ့အတွက်စိတ်ပူပေးနေတာကိုသိရပြီး ရယ်ရမလိုငိုရမလိုဖြစ်ကာ နေပြန်ကောင်းလာချိန်တွင် အခေါင်းတလားဆိုင်အား တခြားသူများကိုသာ သွားရောင်းဖို့ စာပြန်ခဲ့သည်။
Nge (Cele Daily)
Zawgyi
ဖျားနေတာရက်အတော်ကြာပြီး ဆေးသောက်လည်းမပျောက်၍ လိုင်းပေါ်အကူအညီတောင်းခဲ့ရာ ခေါင်းတလားရောင်းသည့်ဆိုင်ကနေ လျှော့ဈေးထားပေးမယ်ဆိုပြီး စာပို့လာသည့်အဖြစ်
ထိုအဖြစ်ကြောင့် ကောင်လေးမှာ သူတစ်ခုခုဖြစ်သွားပါက စိတ်ပူပေးမယ့်မိသားစု၊ဆွေမျိုးတွေအပြင် ဈာပနာအခမ်းအနား ပစ္စည်းရောင်းသည့်လူပ်ငန်းကလည်း သူ့အတွက်စိတ်ပူပေးနေတာကိုသိရပြီး ရယ်ရမလိုငိုရမလိုဖြစ်ကာ နေပြန်ကောင်းလာချိန်တွင် အခေါင်းတလားဆိုင်အား တခြားသူများကိုသာ သွားရောင်းဖို့ စာပြန်ခဲ့သည်။
Nge (Cele Daily)
  • Leave a Comment