လူတော်တော်များများသည် အပြင်ပန်းပုံကိုကြည့်ပြီး ထင်မြင်ချက်အမျိုးမျိုးပေးကာ ဆုံးဖြတ်ချက်ချကြသည့်အခါ အလွဲလွဲအမှားမှားဖြစ်ကုန်တတ်ပြီး တစ်ဖက်သားကိုလည်း ထိခိုက်စေမိသည်။ယခုတွင်လည်း တရုတ်နိုင်ငံက အသက်၂၈နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့သောပုံများအား လိုင်းပေါ်တင်ခဲ့စဥ် အထင်ကြီးလေးစားမှုမခံရပဲ အများရဲ့ဝေဖန်မှုများစွာကိုသာ ခံခဲ့သည်။
မိန်းကလေးသည် ချောမောလှပလွန်းပြီး စာတော်မည့်ပုံမပေါ်တာကြောင့် သာမန်ကျောင်းသူသာဖြစ်နိုင်၍ ဘွဲ့အတုလုပ်ပြီး ကြွားဝါနေသည်ဟု ဝေဖန်နေကြသည်။
ထို့ကြောင့် မိန်းကလေးသည် အမှန်တကယ် အောက်စဖို့ဒ်တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ကြောင်း ကဒ်ပြားလေးနဲ့အတူ ကျောင်းမှာအမှတ်အများဆုံးရ၍ ကျူရှင်ဆရာမှ ချီးကျူးဂုဏ်ပြုထားသော အီးမေးလ်ကို ရိုက်ပြပြီး သက်သေပြခဲ့သည်။
Nge (Cele Daily)
Zawgyi
အောက်စဖို့ဒ်တက္ကသိုလ်ကနေ မဟာဘွဲ့ကိုရရှိထားသည့်ပုံများအား လိုင်းပေါ်တင်ခဲ့ရာ ချီးကျူးမှုမခံရပဲ ဘွဲ့အတုလုပ်ပြီးလိမ်လည်နေသည်ဟု စွပ်စွဲခံနေရသောမိန်းကလေး
Nge (Cele Daily)