မြွေဆိုတာနဲ့ လူတိုင်းက ကြောက်ရွံ့ကြသော်လည်း အချို့သောသူများသည် မြွေကိုမကြောက်မလန့်နဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားတတ်ကြသည်။ယခုတွင်လည်း တရုတ်နိုင်ငံ jiangxiပြည်နယ်တွင် နေထိုင်သော မိခင်တစ်ဦးသည် သားငယ်လေးကို အိပ်ခန်းမှာချော့တိတ်ခဲ့ပြီး မီးဖိုချောင်သွား၍ ထမင်းဟင်းချက်ပြုတ်နေခဲ့သည်။
မိခင်ဖြစ်သူဟင်းချက်နေတုန်း အခန်းထဲကနေ သားငယ်လေးရဲ့ရယ်မောသံကို ရုတ်တရက်ကြားလိုက်တာကြောင့် ထူးဆန်းစွာနဲ့ သွားကြည့်ခဲ့ရာတွင် သားငယ်လေးမှ စပါးအုံးမြွေတစ်ကောင်နဲ့ ဆော့နေတာကို တွေ့ခဲ့ရသည်။
သားငယ်လေးသည် အရှည်၂မီတာခန့်ရှိသော စပါးအုံးမြွေကြီးအား မကြောက်ပဲ အတူဆော့နေ၍ အံ့အားသင့် နေရပြီး ထိုမြွေကို လွန်ခဲ့သောရက်အနည်းငယ်က ခင်ပွန်းဖြစ်သူမှ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးဖို့ဝယ်ယူခဲ့တာဖြစ်ပြီး လှောင်အိမ်ကိုသော့ခတ်ဖို့မေ့သွား၍ တစ်အိမ်လုံးပတ်သွားနေခြင်းဖြစ်ကြောင်း သိရသည်။
Nge (Cele Daily)
Zawgyi
အခန်းထဲမှာ သားငယ်လေးတစ်ယောက်တည်း ရယ်မောနေသည့်အသံကိုကြားပြီး သွားကြည့်ခဲ့ရာမှ စပါးအုံးမြွေကိုမကြောက်ပဲ ကိုင်ပြီးဆော့နေသည့်အဖြစ်
Nge (Cele Daily)