ကလေးငယ်များသည် ကျောင်းသွားကျောင်းပြန် စာကျက်ခြင်း၊အိမ်စာများလုပ်ခြင်းနဲ့ ဆော့ကစားခြင်းတို့ဖြင့် အချိန်ကုန်နေတတ်ကြပေမယ့် အချို့သောကလေးငယ်များသည် အချိန်ရရင်ရသလို မိဘကိုကူညီဖို့ တတ်နိုင်သည့်ဖက်ကနေ အလုပ်လုပ်ကြသည်။
ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံက အသက်ခုနှစ်နှစ်သာရှိသေးသော ကောင်လေးတစ်ဦးသည် ညနေကျောင်းဆင်းချိန်တိုင်း ဂျစ်ကားငှားစီးပြီးတော့ ဟင်းသီးဟင်းရွက်များ လှည့်လည်ရောင်းချခဲ့သည်။ကောင်လေးသည် မောင်နှမ ၁၀ယောက်ရှိသည့်အနက် ၇ယောက်မြောက်ဖြစ်ပြီး ဖခင်က ယာဥ်မောင်းအလုပ်ကနေပြုတ်သွားကာ မိသားစုစားဝတ်နေရေးအတွက် ခက်ခဲတာကိုသိပြီး အပိုဝင်ငွေရှာရန် စျေးရောင်းကူခဲ့သည်။
ကောင်လေးရဲ့မိခင်ဖြစ်သူကလည်း ပန်းနာရင်ကြပ်ရောဂါရှိ၍ အသက်ရှူရခက်ခဲပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်ပဲဖြစ်နေရာ မိခင်အစား ဟင်းသီးဟင်းရွက်ခြင်းတောင်းကိုရွက်၍ တစ်လမ်းဝင်တစ်လမ်းထွက် စျေးရောင်းထွက်ခဲ့ခြင်းဖြင့် အများက သားလိမ္မာလေးအဖြစ် ချီးမွမ်းနေကြသည်။
Nge (Cele Daily)
Zawgyi
ရောဂါကြောင့် အလုပ်လုပ်ဖို့ခက်ခဲသောမိခင်အစား ကျောင်းဆင်းချိန်တိုင်း ဈေးရောင်းထွက်ပြီး ဝင်ငွေရှာနေသော သားလိမ္မာလေး
ကောင်လေးရဲ့မိခင်ဖြစ်သူကလည်း ပန်းနာရင်ကြပ်ရောဂါရှိ၍ အသက်ရှူရခက်ခဲပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်ပဲဖြစ်နေရာ မိခင်အစား ဟင်းသီးဟင်းရွက်ခြင်းတောင်းကိုရွက်၍ တစ်လမ်းဝင်တစ်လမ်းထွက် ဈေးရောင်းထွက်ခဲ့ခြင်းဖြင့် အများက သားလိမ္မာလေးအဖြစ် ချီးမွမ်းနေကြသည်။
Nge (Cele Daily)