စားဝတ်နေရေးခက်ခဲ၍ အတန်းပညာအရ ၆တန်းထိသာ တက်ခဲ့ရပေမယ့် သုံးဘီးဆိုင်ကယ်ကို တီထွင်ပြီး ရောင်းချကာ ဝင်ငွေများစွာ ရှာနိုင်နေပြီဖြစ်တဲ့ အသက်၁၅နှစ်အရွယ်ကောင်လေး

လောကကြီးတွင် ပညာတတ်မှ လူအများကြားဝင်ဆံ့သော်လည်း ငွေကြေးအရချမ်းသာပါကလည်း အောင်မြင်မှုတွေရရှိပြီး အများရဲ့လေးစားခြင်းကိုခံရသည်။ယခုအခါမှာလည်း ထိုင်းနိုင်ငံက အသက်၁၅နှစ်အရွယ် ကောင်လေးတစ်ဦးသည် မောင်နှမလေးယောက်ရှိပြီး စားဝတ်နေရေးခက်ခဲ၍ ၆တန်းထိသာစာသင်ခဲ့ရပြီး မိဘတွေကိုလုပ်ကူရန် ကျောင်းထွက်ခဲ့ရသည်။

ကောင်လေးရဲ့ဖခင်ဖြစ်သူမှာ ဆိုင်ကယ်ဝပ်ရှော့ဆိုင်ဖွင့်ထားတာကြောင့် စက်ပြင်ပညာကို ဖခင်ဆီမှာသင်ကြားပြီး အသုံးပြုမရတော့သည့် ဆိုင်ကယ်ဟောင်းက ပစ္စည်းကိရိယာတွေကို လွှင့်မပစ်ပဲ စုဆောင်းထားခဲ့သည်။

ကောင်လေးသည် ထိုပစ္စည်းဟောင်းတွေနဲ့ပဲ ကုန်ပစ္စည်းများစွာ လွယ်ကူစွာ သယ်ယူနိုင်သည့် သုံးဘီးဆိုင်ကယ်ကိုတီထွင်ဖန်တီးကာ ရောင်းချနိုင်ခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment