အိုင်ဖုန်းရောင်းမယ်ဆိုပြီး ပိုစ့်တင်ထားရာ ဖုန်းကိုမမြင်ရပဲ ရွှေအပြည့်ဝတ်ထားသောလက်ကိုသာ မြင်နေရသည့်အဖြစ်

လူသားတို့သည် တန်ဖိုးရှိ ပစ္စည်းများပိုင်ဆိုင်ထားသည့်အခါ လူအများကြား ထုတ်ကြွားတတ်သည့်အကျင့်လေးတွေရှိတတ်ကြသော်လည်း နေရာတကာလိုက်ကြွားမိရင်လည်း လူအများရဲ့ရယ်စရာဖြစ်နေတတ်သည်။

ယခုတွင်လည်း ထိုင်းနိုင်ငံက အိုင်ဖုန်းအဟောင်းတွေနဲ့ပက်သက်ပြီး ပြန်လည်ရောင်းချသော groupတွင် တင်ထားသည့် အိုင်ဖုန်းအရောင်းပိုစ့်တစ်ခုသည် အာရုံစိုက်ခံရပြီးမြင်တွေ့သူတိုင်းကို ရယ်မောစေခဲ့သည်။ထိုပိုစ့်လေးတွင် အိုင်ဖုန်းကပျောက်နေပြီး ရွှေလက်စွပ်ကြီးနှစ်ကွင်းနဲ့ ရွှေလက်ကောက်တွေဝတ်ဆင်ထားသော လက်တစ်ဖက်ကိုသာ ထင်ထင်ရှားရှားကြီး မြင်ခဲ့ရသည်။

ပို့စ်တင်သူသည် အိုင်ဖုန်းXs64ဖြစ်ပြီး ၉၈%ကောင်းမွန်ပြီး အားသွင်းကြိုးလည်းပါရှိကြောင်း တင်ထားပေမယ့်လည်း မြင်တွေ့သူတိုင်းက ဖုန်းကိုစိတ်မဝင်စားပဲ သူဝတ်ထားသော ရွှေတွေကိုသာ စိတ်ဝင်စားမိကာ အကြွားသန်သူတစ်ယောက်အဖြစ် စနောက်ခဲ့ကြသည်။

Nge (Cele Daily)

Zawgyi

အိုင္ဖုန္းေရာင္းမယ္ဆိုၿပီး ပိုစ့္တင္ထားရာ ဖုန္းကိုမျမင္ရပဲ ေ႐ႊအျပည့္ဝတ္ထားေသာလက္ကိုသာ ျမင္ေနရသည့္အျဖစ္

လူသားတို႔သည္ တန္ဖိုးရွိ ပစၥည္းမ်ားပိုင္ဆိုင္ထားသည့္အခါ လူအမ်ားၾကား ထုတ္ႂကြားတတ္သည့္အက်င့္ေလးေတြရွိတတ္ၾကေသာ္လည္း ေနရာတကာလိုက္ႂကြားမိရင္လည္း လူအမ်ားရဲ႕ရယ္စရာျဖစ္ေနတတ္သည္။

ယခုတြင္လည္း ထိုင္းႏိုင္ငံက အိုင္ဖုန္းအေဟာင္းေတြနဲ႔ပက္သက္ၿပီး ျပန္လည္ေရာင္းခ်ေသာ groupတြင္ တင္ထားသည့္ အိုင္ဖုန္းအေရာင္းပိုစ့္တစ္ခုသည္ အာ႐ုံစိုက္ခံရၿပီးျမင္ေတြ႕သူတိုင္းကို ရယ္ေမာေစခဲ့သည္။ထိုပိုစ့္ေလးတြင္ အိုင္ဖုန္းကေပ်ာက္ေနၿပီး ေ႐ႊလက္စြပ္ႀကီးႏွစ္ကြင္းနဲ႔ ေ႐ႊလက္ေကာက္ေတြဝတ္ဆင္ထားေသာ လက္တစ္ဖက္ကိုသာ ထင္ထင္ရွားရွားႀကီး ျမင္ခဲ့ရသည္။

ပို႔စ္တင္သူသည္ အိုင္ဖုန္းXs64ျဖစ္ၿပီး ၉၈%ေကာင္းမြန္ၿပီး အားသြင္းႀကိဳးလည္းပါရွိေၾကာင္း တင္ထားေပမယ့္လည္း ျမင္ေတြ႕သူတိုင္းက ဖုန္းကိုစိတ္မဝင္စားပဲ သူဝတ္ထားေသာ ေ႐ႊေတြကိုသာ စိတ္ဝင္စားမိကာ အႂကြားသန္သူတစ္ေယာက္အျဖစ္ စေနာက္ခဲ့ၾကသည္။

Nge (Cele Daily)

  • Leave a Comment