ရုပ်ရည်ချောမောမှုသည် သာမန်လူတွေထက် တစ်ပန်းသာကာ လူအများကြား ထင်ထင်ရှားရှားရှိနေပြီး အများရဲ့အာရုံစိုက်မှုကိုလည်း ခံရသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံက အသက်၂၀နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဘာမှမလိမ်းခြယ်ထားပေမယ့်လည်း မင်းသမီးလေးလို ချောမောလှပမှုတို့ကြောင့် နေ့ချင်းညချင်း နာမည်ကြီးလာခဲ့သည်။
မိန်းကလေးရဲ့မိသားစုသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် မိဘနှစ်ပါးအား ပင်ပန်းရသက်သာစေရန် အပိုဝင်ငွေလေးရအောင် ထီလက်မှတ်လိုက်ရောင်းခဲ့သည်။
မိန်းကလေးသည် နေ့ခင်းဖက်မှာ တက္ကသိုလ်ကျောင်းတက်ပြီး ကျောင်းပိတ်ရက်နဲ့ ညနေခင်းဖက်တွေမှာ ထီလက်မှတ်ရောင်းခဲ့ရာ သူမရဲ့ ဖြူစင်သောအပြုံးနဲ့ ဖော်ရွေမှုတို့ကြောင့် ဝယ်သူများတန်းစီနေခဲ့သည်။
Nge (Cele Daily)
Zawgyi
ဘာမှမလိမ်းခြယ်ထားပေမယ့်လည်း ဖြူစင်သောအပြုံးနဲ့ ချစ်စရာကောင်းမှုတို့ကြောင့် နာမည်ကြီးလာသော ထီလက်မှတ်ရောင်းသူလေး
Nge (Cele Daily)