Supriseဖြစ်အောင် အိမ်ကလူတွေကိုအသိမပေးပဲ ပြန်ခဲ့ရာ အိမ်ရောက်လာချိန်မှာတော့ အကုန်လုံးကအိပ်ပျော်နေ၍ နိုးမရပဲ တံခါးပေါက်မှာအကြာကြီးထိုင်စောင့်လိုက်ရသည့် မိန်းကလေး

အဝေးရောက်နေတဲ့လူတိုင်း မွေးရပ်မြေက မိသားစုလေးဆီ အိမ်ပြန်ကြသည့်အခါ အချို့ကအသိပေး၍ လာကြိုကြသလိုမျိုး အချို့ကျတော့လည်း အံ့အားသင့်စေရန် အသိမပေးပဲ အိမ်သို့ပြန်ကြသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက မိန်းကလေးတစ်ဦးသည် အခြားမြို့တစ်ခုမှာ အလုပ်သွားလုပ်ပြီး မွေးရပ်မြေသို့ပြန်လာချိန် အိမ်ကလူတွေကိုအသိမပေးပဲ ပြန်ခဲ့ရာမှ ကိုယ်တိုင်Supriseဖြစ်သွားခဲ့သည်။

မိန်းကလေးသည် လမ်းခရီးမှာကြာနေပြီး မနက်၂နာရီထိုးသွားခဲ့ရာ အိမ်ရှေ့သို့ရောက်နေပေမယ့် ကြိုဆိုမယ့်သူမရှိပဲ တစ်အိမ်လုံးတိတ်ဆိတ်ကာ အိပ်ပျော်နေကြပြီး ဖုန်းဆက်သော်လည်းမကိုင်ကြ၍ တံခါးပေါက်ဝမှာ အေးအေးချမ်းချမ်းနဲ့ အကြာကြီးစောင့်ခဲ့ရသည်။

မိန်းကလေးရဲ့အဖြစ်ကို လိုက်ပါလာသောသူငယ်ချင်းမှ ရယ်မောကာ ကြေကွဲနေသောပုံရိပ်အား စနောက်ပြီး လိုင်းပေါ်မျှဝေခဲ့သည်။

Nge (Cele Daily )

Zawgyi





Nge (Cele Daily )

  • Leave a Comment