ဘွဲ့ဝတ်စုံနဲ့ ပင်လယ်ရေအောက်မှာရေငုပ်ပြီး ထူးထူးခြားခြား အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့သော မိန်းကလေး

ဘွဲ့ရတစ်ယောက်ဖြစ်ရန် မလွယ်ကူသလို ဘွဲ့ရသည့်အခါမှာလည်း လူတိုင်းက ပုံစံအမျိုးမျိုးနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးတတ်ကြသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံ မိန်းကလေးတစ်ဦးသည် ဘွဲ့ရချိန်တွင် အမှတ်တရဓာတ်ပုံရိုက်ကူးရာ၌ အခြားသူများနဲ့မတူပဲ ထူးခြားမှုဖြင့် ဘွဲ့ဝတ်စုံကြီးဝတ်ပြီး ပင်လယ်ကမ်းခြေသို့အလည်သွားခဲ့သည်။

မိန်းကလေးသည် ဓာတ်ပုံဆရာနဲ့အတူ ပင်လယ်အောက်ထိ ရေငုပ်ပြီးတော့ ဘွဲ့ဝတ်စုံလေးနဲ့ ပိုစ့်အမျိုးမျိုးပေးကာ လှပလွန်းပြီး အမိုက်စားပုံများစွာ ရိုက်ကူးခဲ့သည်။

မိန်းကလေးသည် တစ်သက်မှာတစ်ခါသာရရှိသည့် ဘွဲ့ကို ဆန်းသစ်သောစိတ်ကူးနဲ့ အမှတ်တရဖြစ်စေခဲ့ခြင်းအားဖြင့် အများက အံ့အားသင့်ကာ ချီးမွမ်းနေကြသည်။

Nge (Cele Daily )

Zawgyi





Nge (Cele Daily )

  • Leave a Comment