အလုပ်ကခွင့်ပေး၍ မွေးရပ်မြေက မိသားစုလေးဆီ ပြန်ခဲ့ပေမယ့် အိမ်မှာဘယ်သူမှမရှိတော့တာကြောင့် ဝမ်းနည်းအထီးကျန်ကာ အလုပ်နေရာသို့ပြန်ထွက်သွားခဲ့သော အမျိုးသား

နယ်ဝေးရပ်ခြားသို့ရောက်ပြီး အလုပ်ကနေခွင့်ယူပြီး အိမ်သို့အလည်ပြန်လာသည့်အခါ အိမ်ကမိသားစု၊ဆွေမျိုးများက နွေးထွေးစွာကြိုဆိုတတ်ကြသည်။သို့ဖြစ်၍ တရုတ်နိုင်ငံ ပေကျင်းမြို့မှ အသက်၄၁နှစ်အရွယ် အမျိုးသားတစ်ဦးသည် အိမ်နဲ့အလှမ်းဝေးသော စက်ရုံတစ်ခုမှာ ဝန်ထမ်းအဖြစ်လုပ်ကိုင်နေပြီး နှစ်သစ်ကူးနီးပြီဖြစ်၍ အိမ်သို့ပြန်ခဲ့သည်။

အမျိုးသားသည် လက်ဆောင်ပစ္စည်းအချို့ဝယ်ယူခဲ့ပြီး အိမ်သို့ပြန်ခဲ့ပေမယ့် အခြားသောမိသားစုတွေလို မပျော်ရွှင်ရပဲ တစ်အိမ်လုံးတိတ်ဆိတ်နေကာ ဘယ်သူမှရှိမနေခဲ့ပေ။အမျိုးသားရဲ့မိခင်ဖြစ်သူသည် အရင်နှစ်က ဖျားနာမှုကြောင့် ဆုံးပါးသွားခဲ့ပြီး ဖခင်ကလည်း လွန်ခဲ့တဲ့လေးလလောက်ကဆုံးပါးသွားခဲ့ရာ တစ်ဦးတည်းသောသားဖြစ်သည့်အပြင် အိမ်ထောင်လည်းမရှိဖြစ်ခဲ့သည်။

ထို့ကြောင့် အိမ်ပြန်လည်း ကြိုဆိုမယ့်သူမရှိသလို တစ်ယောက်တည်းအထီးကျန်ပြီး အရင်ကမိဘနှစ်ပါးနဲ့အတူ ပျော်ရွှင်ခဲ့တာလေးကို တွေးမိပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်မိတာကြောင့် အလုပ်နေရာသို့သာ ပြန်ထွက်သွားခဲ့သည်။

Nge (Cele Daily )

Zawgyi





Nge (Cele Daily )

  • Leave a Comment