ချစ်သူကောင်မလေး စားချင်တာမှန်သမျှ အကုန်လိုက်ဝယ်ကျွေးပြီး အဝလွန်လာသည့်အခါမှာလည်း စွန့်ပစ်မသွားပဲ ဝိတ်ကျအောင်ပြန်ကူညီပေးခဲ့သော ကောင်လေး

လောကကြီးတွင် တကယ်ချစ်တဲ့သူများအတွက် ကိုယ့်ရဲ့ချစ်သူမှာ အမြဲတမ်းချောလှနေတာမျိုးမဟုတ်ပဲ သူ့ဖြစ်တည်မှုအရာရာတိုင်းက ချစ်စရာကောင်းနေပြီး တကယ်မချစ်တဲ့သူများအတွက်တော့ နည်းနည်းလေးပြောင်းလဲသွားတာနဲ့ ငြိုငြင်စရာဖြစ်နေတတ်သည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ Guangdongပြည်နယ်တွင် နေထိုင်သော မိန်းကလေးတစ်ဦးသည် အစားအရမ်းစားလွန်း၍ ခန္ဓာကိုယ်အလေးချိန်မှာ ၈၅ကီလိုဂရမ်ထိတက်လာပြီး ဖက်တီးမဖြစ်နေသော်လည်း ချစ်သူကောင်လေးမှာ ထားမသွားပဲ သစ္စာရှိရှိနဲ့ ချစ်နေပေးတာကြောင့် အများရဲ့အားကျခြင်းကို ခံနေရသည်။ကောင်လေးသည် သူ့ရဲ့ချစ်သူမိန်းကလေး စားချင်တာမှန်သမျှ မငြိုမငြင်နဲ့ အကုန်လိုက်ဝယ်ကျွေးကာ ဝိတ်အရမ်းတက်လာချိန်မှာလည်း အစားအသောက်ကို ဂရုစိုက်စားရန်မှာကြား၍ အားကစားခန်းမသို့သွားပြီး ဝိတ်ကျစေမည့်နည်းလမ်းအကုန်လုံးကို အတူတူကြိုးစားလုပ်ဆောင်ကူပေးခဲ့သည်။

ကောင်လေးရဲ့ဂရုစိုက်မှုတို့ကြောင့် မိန်းကလေးမှာ အလေးချိန်ကျသွားခဲ့ပြီး ကုန်တိုက်သို့သွား၍ သူမအဝလွန်နေချိန်က ဝတ်ချင်ခဲ့သောအဝတ်အစားများကို စမ်းကြည့်ပြီးဝတ်ခဲ့ရာ ကွက်တိလေးဖြစ်နေတာကြောင့် ပျော်လွန်း၍ မျက်ရည်ပါကျခဲ့သည်။

Nge (Cele Daily)

Zawgyi

ခ်စ္သူေကာင္မေလး စားခ်င္တာမွန္သမွ် အကုန္လိုက္ဝယ္ေကြၽးၿပီး အဝလြန္လာသည့္အခါမွာလည္း စြန္႔ပစ္မသြားပဲ ဝိတ္က်ေအာင္ျပန္ကူညီေပးခဲ့ေသာ ေကာင္ေလး

ေလာကႀကီးတြင္ တကယ္ခ်စ္တဲ့သူမ်ားအတြက္ ကိုယ့္ရဲ႕ခ်စ္သူမွာ အၿမဲတမ္းေခ်ာလွေနတာမ်ိဳးမဟုတ္ပဲ သူ႔ျဖစ္တည္မႈအရာရာတိုင္းက ခ်စ္စရာေကာင္းေနၿပီး တကယ္မခ်စ္တဲ့သူမ်ားအတြက္ေတာ့ နည္းနည္းေလးေျပာင္းလဲသြားတာနဲ႔ ၿငိဳျငင္စရာျဖစ္ေနတတ္သည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Guangdongျပည္နယ္တြင္ ေနထိုင္ေသာ မိန္းကေလးတစ္ဦးသည္ အစားအရမ္းစားလြန္း၍ ခႏၶာကိုယ္အေလးခ်ိန္မွာ ၈၅ကီလိုဂရမ္ထိတက္လာၿပီး ဖက္တီးမျဖစ္ေနေသာ္လည္း ခ်စ္သူေကာင္ေလးမွာ ထားမသြားပဲ သစၥာရွိရွိနဲ႔ ခ်စ္ေနေပးတာေၾကာင့္ အမ်ားရဲ႕အားက်ျခင္းကို ခံေနရသည္။ေကာင္ေလးသည္ သူ႔ရဲ႕ခ်စ္သူမိန္းကေလး စားခ်င္တာမွန္သမွ် မၿငိဳမျငင္နဲ႔ အကုန္လိုက္ဝယ္ေကြၽးကာ ဝိတ္အရမ္းတက္လာခ်ိန္မွာလည္း အစားအေသာက္ကို ဂ႐ုစိုက္စားရန္မွာၾကား၍ အားကစားခန္းမသို႔သြားၿပီး ဝိတ္က်ေစမည့္နည္းလမ္းအကုန္လုံးကို အတူတူႀကိဳးစားလုပ္ေဆာင္ကူေပးခဲ့သည္။

ေကာင္ေလးရဲ႕ဂ႐ုစိုက္မႈတို႔ေၾကာင့္ မိန္းကေလးမွာ အေလးခ်ိန္က်သြားခဲ့ၿပီး ကုန္တိုက္သို႔သြား၍ သူမအဝလြန္ေနခ်ိန္က ဝတ္ခ်င္ခဲ့ေသာအဝတ္အစားမ်ားကို စမ္းၾကည့္ၿပီးဝတ္ခဲ့ရာ ကြက္တိေလးျဖစ္ေနတာေၾကာင့္ ေပ်ာ္လြန္း၍ မ်က္ရည္ပါက်ခဲ့သည္။

Nge (Cele Daily)

  • Leave a Comment