ချစ်သူဘဝသည် လူနှစ်ယောက်အတွက်သာ သက်ဆိုင်သော်လည်း အိမ်ထောင်ရေးမှာကျ လွယ်ကူသောအရာမဟုတ်ပဲ အလေးနက်ထားတွေးတောရသောအခါ နှစ်ဖက်မိဘရဲ့သဘောတူညီချက်ရှိမှသာ လက်ထပ်ရန်အကောင်းဆုံးဖြစ်သည်။သို့ဖြစ်၍ တရုတ်နိုင်ငံ Guangdongပြည်နယ်မှ မိန်းကလေးတစ်ဦးသည် ၅နှစ်အကြာချစ်ကြိုက်ခဲ့ရသော ချစ်သူကောင်လေးရဲ့ မိဘအိမ်သို့ ပထမဆုံးအကြိမ်အဖြစ်သွားရောက်လည်ပတ်ခဲ့ရာတွင် ကောင်လေးရဲ့မိသားစုတွေမှ နွေးထွေးစွာကြိုဆိုခဲ့ကြ၍ ပျော်ခဲ့သည်။
မိန်းကလေးသည် ကောင်လေးရဲ့မိသားစုတွေနဲ့အတူ ထမင်းဝိုင်းမှာ စားသောက်နေစဥ် ကောင်လေးရဲ့ဖခင်ဖြစ်သူရှေ့မှာ ရုတ်တရက် ဒူးထောက်ထိုင်ချလိုက်ပြီး တောင်းဆိုချက်များပြုလုပ်ခဲ့သည်။မိန်းကလေးသည် အပြင်ပန်းအရ အဆင်ပြေသောမိသားစုမှာ မွေးဖွားလာသည်ဟုထင်ရသော်လည်း သူမရဲ့မိဘနှစ်ပါးက ငယ်စဥ်လေးတည်းက ဆုံးပါးသွားပြီး အဖွားဖြစ်သူလက်ထဲမှာ ကြီးပြင်းခဲ့ရသည်။
မိန်းကလေးသည် အဖွားဖြစ်သူနဲ့ နှစ်ပေါင်း၂၀ကျော်အကြာ အစစအရာရာ ခြိုးခြံချွေတာကာ နေထိုင်ခဲ့ရပြီး သူမရဲ့ကြိုးစားမှုတို့ကြောင့် တက္ကသိုလ်တက်ခွင့်ရကာ မြို့ပေါ်မှာအလုပ်ကောင်းရထားခြင်းဖြစ်ကြောင်းဆိုကာ သူမအားချွေးမအဖြစ်လက်ခံပါက တင်တောင်းရန် လက်ဖွဲ့ငွေတွေ တိုက်တွေမလိုပဲ အဖွားဖြစ်သူနဲ့အတူနေထိုင်လိုကြောင်း တောင်းဆိုခဲ့သည်။
Nge (Cele Daily )
Zawgyi
ချစ်သူကောင်လေးရဲ့မိဘအိမ်သို့ ပထမဆုံးသွားရောက်လည်ပတ်စဉ် ကောင်လေးရဲ့ဖခင်ဖြစ်သူရှေ့မှာ ဒူးထောက်တောင်းပန်ကာ သူမရဲ့ဘဝအမှန်ကို ပြောပြခဲ့သော မိန်းကလေး
Nge (Cele Daily )