လူသားတို့ရဲ့ ကံကြမ္မာသည် အမျိုးမျိုး ဖြစ်ပျက်ပြောင်းလဲနေရာ အောင်မြင်ချိန်ရှိသလို ကျရှုံးချိန်လည်းရှိ၍ ထိုအခိုက်အတန့်ကို လက်ခံနိုင်မှသာ ရှေ့ဆက်လျှောက်ရမယ့်လမ်းက ဖြောင့်ဖြူးနိုင်မည်ဖြစ်သည်။သို့ဖြစ်၍ ထိုင်းနိုင်ငံက လူငယ်တစ်ဦးသည် ဘွဲ့ရချိန်တွင် မိခင်တစ်ယောက်လုံး သက်ရှိထင်ရှားရှိနေပါလျက်နဲ့ ကိုယ့်ရဲ့မိဘတွေဆီကနေ အရင်ဆုံး ဂုဏ်ပြုချီးမွမ်းစကားမကြားရပဲ ဝမ်းနည်းခဲ့ရသည်။
လူငယ်လေးရဲ့ မိသားစုသည် စားဝတ်နေရေး ခက်ခဲသောအခြေအနေမှာရှိ၍ မိခင်ဖြစ်သူက အလုပ်ပင်ပင်ပန်းပန်းလုပ်ပြီး သားလေးအား ဘွဲ့ရတာမြင်ချင်တယ်ဆိုပြီး တဖွဖွပြောဆိုနေခဲ့သည်။ကံမကောင်းလှစွာပဲ လူငယ်လေး ဘွဲ့ရချိန်တွင် မိခင်ဖြစ်သူမှာ အယ်လ်ဇိုင်းမားရောဂါကိုခံစားနေရပြီး ဆွေမျိုးတစ်ချို့ရဲ့အကူအညီကြောင့် သားလေးရဲ့ဘွဲ့အခမ်းအနားကိုသွားရောက်ခဲ့ပေမယ့် ကိုယ့်ရဲ့သားကိုယ်ပင် မမှတ်မိပဲဖြစ်နေခဲ့သည်။
မိခင်ဖြစ်သူမှ သားလေးကိုမမှတ်မိတာကြောင့် ဘွဲ့ရသော်လည်း ဂုဏ်ပြုမပေးပဲ အိမ်ပြန်ချင်ကြောင်းသာပြောဆိုနေ၍ သားလေးမှာ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ရသည်။
Nge (Cele Daily )
Zawgyi
သားျဖစ္သူဘြဲ႕ရတာကိုျမင္ခ်င္တယ္လို႔ တစ္ခ်ိန္လုံးေျပာေနေပမယ့္ တကယ္တမ္းဘြဲ႕ရခ်ိန္ အယ္လ္ဇိုင္းမားေရာဂါေၾကာင့္ ကိုယ့္သားကို မမွတ္မိပဲျဖစ္ေနသည့္ မိခင္
လူသားတို႔ရဲ႕ ကံၾကမၼာသည္ အမ်ိဳးမ်ိဳး ျဖစ္ပ်က္ေျပာင္းလဲေနရာ ေအာင္ျမင္ခ်ိန္ရွိသလို က်ရႈံးခ်ိန္လည္းရွိ၍ ထိုအခိုက္အတန္႔ကို လက္ခံႏိုင္မွသာ ေရွ႕ဆက္ေလွ်ာက္ရမယ့္လမ္းက ေျဖာင့္ျဖဴးႏိုင္မည္ျဖစ္သည္။သို႔ျဖစ္၍ ထိုင္းႏိုင္ငံက လူငယ္တစ္ဦးသည္ ဘြဲ႕ရခ်ိန္တြင္ မိခင္တစ္ေယာက္လုံး သက္ရွိထင္ရွားရွိေနပါလ်က္နဲ႔ ကိုယ့္ရဲ႕မိဘေတြဆီကေန အရင္ဆုံး ဂုဏ္ျပဳခ်ီးမြမ္းစကားမၾကားရပဲ ဝမ္းနည္းခဲ့ရသည္။
လူငယ္ေလးရဲ႕ မိသားစုသည္ စားဝတ္ေနေရး ခက္ခဲေသာအေျခအေနမွာရွိ၍ မိခင္ျဖစ္သူက အလုပ္ပင္ပင္ပန္းပန္းလုပ္ၿပီး သားေလးအား ဘြဲ႕ရတာျမင္ခ်င္တယ္ဆိုၿပီး တဖြဖြေျပာဆိုေနခဲ့သည္။ကံမေကာင္းလွစြာပဲ လူငယ္ေလး ဘြဲ႕ရခ်ိန္တြင္ မိခင္ျဖစ္သူမွာ အယ္လ္ဇိုင္းမားေရာဂါကိုခံစားေနရၿပီး ေဆြမ်ိဳးတစ္ခ်ိဳ႕ရဲ႕အကူအညီေၾကာင့္ သားေလးရဲ႕ဘြဲ႕အခမ္းအနားကိုသြားေရာက္ခဲ့ေပမယ့္ ကိုယ့္ရဲ႕သားကိုယ္ပင္ မမွတ္မိပဲျဖစ္ေနခဲ့သည္။
မိခင္ျဖစ္သူမွ သားေလးကိုမမွတ္မိတာေၾကာင့္ ဘြဲ႕ရေသာ္လည္း ဂုဏ္ျပဳမေပးပဲ အိမ္ျပန္ခ်င္ေၾကာင္းသာေျပာဆိုေန၍ သားေလးမွာ ဝမ္းနည္းစိတ္မေကာင္းျဖစ္ခဲ့ရသည္။
Nge (Cele Daily )