အမျိုးမျိုးပြောင်းလဲနေသောခေတ်ကြီးမှာ တစ်ယောက်နဲ့တစ်ယောက် အချစ်စစ်နဲ့ချစ်ဖို့ကလည်းရှားပါးလာပေမယ့် သက်ကြီးရွယ်အိုတွေရဲ့အချစ်ဇာတ်လမ်းသည် ခိုင်မြဲလွန်းသည့်အတွက် အမြဲလိုလို လူငယ်တွေ အားကျချင်စဖွယ်ဖြစ်ရသည်။
ယခုတွင်လည်း တရုတ်နိုင်ငံတွင် နေထိုင်သော အသက်၈၀ကျော်အရွယ် ဇနီးမောင်နှံသည် အခက်အခဲ ဒုက္ခပေါင်းများစွာကိုဖြတ်သန်းပြီး အဖော်ပြုပေါင်းသင်းဆက်ဆံလာခဲ့သည်မှာ ၆၄နှစ်ပင်ကြာခဲ့ပြီဖြစ်သည်။အဖိုးအိုသည် ဖျားနာပြီး ဘဝရဲ့နေဝင်ချိန်ကိုရောက်သည့်အခါ ဇနီးဖြစ်သူကိုနွေးထွေးစွာ ခေါင်းလေးကိုကိုင်ပြီး သူမရှိတော့တဲ့နောက်ပိုင်း အထီးကျန်ရပါက တစ်ယောက်တည်းအားငယ်ကာ ဝမ်းနည်းပြီး မငိုရန် မှာကြားခဲ့သည်။
အဖိုးအိုသည် အိမ်ထောင်သက် ၆၄နှစ်လုံးလုံး ဇနီးတစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးပြီး ခင်ပွန်းကောင်းဖြစ်သလို သားသမီးတွေအတွက်လည်း ဖခင်ကောင်းအဖြစ် တာဝန်ကျေပွန်သူတစ်ယောက်ဖြစ်ခဲ့ကြောင်းသိရသည်။
Nge (Cele Daily )
Zawgyi
မကွယ်လွန်ခင် ဇနီးဖြစ်သူရဲ့ခေါင်းကိုဖွဖွကိုင်ကာ ဝမ်းနည်းပြီးမငိုနေဖို့ မှာကြားနေသည့် အဖိုးအိုရဲ့ ချစ်ခြင်းမေတ္တာ
Nge (Cele Daily )