သမီးဖြစ်သူ တက္ကသိုလ်ကထိကဖြစ်လာတာကို ဂုဏ်ယူမိပေမယ့် အိမ်တွင်းပုန်းလုပ်ကာ စာအုပ်ပဲဖတ်နေ၍ ယောကျာ်းမရမှာစိတ်ပူနေသော မိခင်ရဲ့အဖြစ်

မိဘတို့သည် သားသမီးများ အရွယ်ရောက်လာသောအခါ ကိုယ်ပိုင်မိသားစုနဲ့ အိမ်ထောင်ကျစေလိုပြီး အချို့မှာတော့ ကိုယ့်သားသမီးကို မကောင်းသောသူတွေနဲ့ဆုံမှာစိုးပြီး အိမ်ထောင်မပေးပြုချင်ပေ။

သို့ဖြစ်၍ တရုတ်နိုင်ငံ Zhejiangပြည်နယ်မှ မိန်းကလေးတစ်ဦးသည် စာအလွန်ကြိုးစားပြီး ကနေဒါနိုင်ငံကနေ ပါရဂူဘွဲ့ရရှိကာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မွေးရပ်မြေက တက္ကသိုလ်တစ်ခုမှာ ကထိကဖြစ်လာခဲ့သည်။မိန်းကလေးသည် စာအုပ်စာပေဖတ်ရတာကို ဝါသနာပါပြီး လူငယ်အများစုတို့ရဲ့သဘာဝအတိုင်း အပြင်ထွက်ကာ သူငယ်ချင်းများနဲ့ အချိန်ကုန်ဆုံးတာမျိုးလည်းမရှိပဲ မိုးလင်းကနေ မိုးချုပ်အိမ်တွင်းပုန်းလုပ်နေခဲ့သည်။

ထို့ကြောင့် မိန်းကလေးရဲ့မိခင်ဖြစ်သူမှာ သမီးလေးက ထူးချွန်သူတစ်ယောက်ဖြစ်၍ ဂုဏ်ယူမိသော်လည်း ဘယ်သူနဲ့မှ ဆက်သွယ်တာမျိုးမရှိပဲ အိမ်မှာပဲ တစ်ယောက်တည်း စာအုပ်ဖတ်နေတာကြောင့် အိမ်ထောင်မကျတော့ပဲ အပျိုကြီးဖြစ်နေမည်ကို စိုးရိမ်နေခဲ့သည်။

Nge (Cele daily )

Zawgyi





Nge (Cele daily )

  • Leave a Comment