ချွေးမလေးအား သမီးရင်းလိုသဘောထားကာ ခြံထွက်ဟင်းသီးဟင်းရွက်များကို စားစေချင်၍ သွားပို့ပေးခဲ့ရာ တံခါးပိတ်ထားပေမယ့် ၃နာရီအကြာထိုင်စောင့်ခဲ့သော ယောက္ခထီး

အိမ်ထောင်ပြုပြီးသောအခါ အချို့ချွေးမ၊သားမက်ဖြစ်သူတို့သည် ယောက္ခမဆီကနေ သားသမီးရင်းချာလို ဂရုစိုက်ခံရသော်လည်း အများစုက မတည့်ကြပဲ ပြဿနာတွေသာတက်ကြရသည်။သို့ဖြစ်၍ တရုတ်နိုင်ငံ Jilinပြည်နယ် ကျေးလက်ဒေသတွင် နေထိုင်သော အသက်၇၁နှစ်အရွယ် အဖိုးအိုတစ်ဦးသည် ချွေးမလေးစားဖို့ရာအတွက်တွေးပြီး ခြံမှာစိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်အချို့ကို ယူဆောင်လာကာ မြို့ထဲသို့သွားရောက်ခဲ့သည်။

အဖိုးအိုသည် သားဖြစ်သူမှ နယ်ဝေးရပ်ခြားသို့ အလုပ်ကိစ္စနဲ့ သွားရောက်နေ၍ အိမ်မှာချွေးမလေးနဲ့ ကလေးတွေပဲကျန်နေရာ စိတ်ပူပြီး ဟင်းသီးဟင်းရွက်ကို သွားပို့ပေးခဲ့ပေမယ့် တံခါးပိတ်ထားတာကြောင့် အခန်းရှေ့က လှေကားနားမှာ ၃နာရီအကြာထိုင်စောင့်နေခဲ့သည်။အဖိုးအိုသည် သားဖြစ်သူမှ သူတို့နေထိုင်ရာတိုက်ခန်းလော့နံပါတ်ကိုပြောပြထားသော်လည်း ချွေးမလေးအနှောင့်အယှက်ဖြစ်သွားမည်စိုး၍ မဖွင့်ပဲ ချွေးမလေးဆီ သူရောက်နေကြောင်း စာကိုသာပို့ခဲ့သည်။

ချွေးမလေးသည် အိပ်ပျော်နေတာကြောင့် ယောက္ခထီးဖြစ်သူပို့ထားသောစာကို တွေ့တွေ့ချင်း တံခါးဖွင့်ကာ အဖိုးအိုဆီကနေ သမီးရင်းလို နွေးထွေးစွာဂရုစိုက်မှုခံရမှုကြောင့် ဝမ်းသာမိပြီး မျက်ရည်များပါကျနေခဲ့သည်။

Nge (Cele Daily )

Zawgyi

ေခြၽးမေလးအား သမီးရင္းလိုသေဘာထားကာ ၿခံထြက္ဟင္းသီးဟင္း႐ြက္မ်ားကို စားေစခ်င္၍ သြားပို႔ေပးခဲ့ရာ တံခါးပိတ္ထားေပမယ့္ ၃နာရီအၾကာထိုင္ေစာင့္ခဲ့ေသာ ေယာကၡထီး

အိမ္ေထာင္ျပဳၿပီးေသာအခါ အခ်ိဳ႕ေခြၽးမ၊သားမက္ျဖစ္သူတို႔သည္ ေယာကၡမဆီကေန သားသမီးရင္းခ်ာလို ဂ႐ုစိုက္ခံရေသာ္လည္း အမ်ားစုက မတည့္ၾကပဲ ျပႆနာေတြသာတက္ၾကရသည္။သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Jilinျပည္နယ္ ေက်းလက္ေဒသတြင္ ေနထိုင္ေသာ အသက္၇၁ႏွစ္အ႐ြယ္ အဖိုးအိုတစ္ဦးသည္ ေခြၽးမေလးစားဖို႔ရာအတြက္ေတြးၿပီး ၿခံမွာစိုက္ပ်ိဳးထားသည့္ ဟင္းသီးဟင္း႐ြက္အခ်ိဳ႕ကို ယူေဆာင္လာကာ ၿမိဳ႕ထဲသို႔သြားေရာက္ခဲ့သည္။

အဖိုးအိုသည္ သားျဖစ္သူမွ နယ္ေဝးရပ္ျခားသို႔ အလုပ္ကိစၥနဲ႔ သြားေရာက္ေန၍ အိမ္မွာေခြၽးမေလးနဲ႔ ကေလးေတြပဲက်န္ေနရာ စိတ္ပူၿပီး ဟင္းသီးဟင္း႐ြက္ကို သြားပို႔ေပးခဲ့ေပမယ့္ တံခါးပိတ္ထားတာေၾကာင့္ အခန္းေရွ႕က ေလွကားနားမွာ ၃နာရီအၾကာထိုင္ေစာင့္ေနခဲ့သည္။အဖိုးအိုသည္ သားျဖစ္သူမွ သူတို႔ေနထိုင္ရာတိုက္ခန္းေလာ့နံပါတ္ကိုေျပာျပထားေသာ္လည္း ေခြၽးမေလးအေႏွာင့္အယွက္ျဖစ္သြားမည္စိုး၍ မဖြင့္ပဲ ေခြၽးမေလးဆီ သူေရာက္ေနေၾကာင္း စာကိုသာပို႔ခဲ့သည္။

ေခြၽးမေလးသည္ အိပ္ေပ်ာ္ေနတာေၾကာင့္ ေယာကၡထီးျဖစ္သူပို႔ထားေသာစာကို ေတြ႕ေတြ႕ခ်င္း တံခါးဖြင့္ကာ အဖိုးအိုဆီကေန သမီးရင္းလို ေႏြးေထြးစြာဂ႐ုစိုက္မႈခံရမႈေၾကာင့္ ဝမ္းသာမိၿပီး မ်က္ရည္မ်ားပါက်ေနခဲ့သည္။

Nge (Cele Daily )

  • Leave a Comment