အခက်အခဲဖြစ်ပြီး အနာဂတ်လမ်းပျောက်နေရတဲ့ မိဘမဲ့ကလေး ၈၈ယောက်ကို ခေါ်ယူမွေးစားကာ နွေးထွေးတဲ့မေတ္တာရှင် ဖခင်ကြီးအဖြစ်ရှိနေပေးခဲ့သော လေးစားဖွယ် အမျိုးသားကြီး

လောကကြီးတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ့သွေးသားရင်းချာကို စွန့်ပစ်ကြသည့်မိဘတွေရှိသလို ကိုယ်နဲ့မသက်ဆိုင်သည့်ကလေးငယ်များ ဒုက္ခရောက်နေသည့်အခါ ကူညီဖို့အသင့်ရှိသူများသည် အင်မတန်မှ လေးစားဖွယ်ကောင်းလှသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ အသက်၆၄နှစ်အရွယ် အမျိုးသားကြီးသည် သူ့ဘဝတစ်လျှောက်လုံး ကြုံတွေ့ခဲ့ရသည့် လမ်းဘေးမှာ ခိုကိုးရာမဲ့ဘဝနဲ့ စွန့်ပစ်ခံကလေးငယ်တွေအား မိုးလုံလေလုံရှိသော အိမ်ကောင်းကောင်းလေးမှာ နေစေလိုသည့် ဆန္ဒကို အကောင်အထည်ဖော်ခဲ့သည်။အမျိုးသားကြီးသည် ဇနီးနဲ့သားသမီးနှစ်ယောက်ရှိရာ အဆင်ပြေသောစီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားတာကြောင့် အလုပ်ကနေအငြိမ်းစားယူပြီးချိန် တိုက်အိမ်တစ်လုံးဆောက်လုပ်ကာ မိဘမဲ့ကလေးငယ်တွေကို မွေးစားခဲ့သည်။

အမျိုးသားကြီးရဲ့ကောင်းမြတ်သော ဂုဏ်သတင်းသည် နေရာအနှံ့ပျံ့နှံ့ကာ အခြားသော ခက်ခဲသည့်အခြေအနေမှာရှိတဲ့မိဘများသည် သူတို့ရဲ့ကလေးငယ်များအား အနာဂတ်လမ်းဖြောင့်ဖြူးစေရန်အတွက် အမျိုးသားဆီမှာ လာရောက်အပ်နှံခဲ့ကြ၍ ကလေးငယ်အရေအတွက်မှာ တစ်နေ့တခြားတိုးပွားလာပြီး ၈၈ယောက်ထိ ဖြစ်လာခဲ့သည်။အမျိုးသားကြီးသည် ကလေးငယ်တွေအတွက် စားစရာကို ကိုယ်တိုင်ချက်ပြုတ်ကျွေးပြီး သူ့ရဲ့သားသမီးရင်းချာတွေလို နွေးထွေးတဲ့ မေတ္တာအပြည့်အဝပေးကာ အရွယ်ရောက်သောသားသမီးတွေအတွက် အမွေခွဲဝေပေးဖို့ပင် စီစဥ်နေခဲ့သည်။

Nge (Cele Daily )

Zawgyi

အခက္အခဲျဖစ္ၿပီး အနာဂတ္လမ္းေပ်ာက္ေနရတဲ့ မိဘမဲ့ကေလး ၈၈ေယာက္ကို ေခၚယူေမြးစားကာ ေႏြးေထြးတဲ့ေမတၱာရွင္ ဖခင္ႀကီးအျဖစ္ရွိေနေပးခဲ့ေသာ ေလးစားဖြယ္ အမ်ိဳးသားႀကီး

ေလာကႀကီးတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ့္ရဲ႕ေသြးသားရင္းခ်ာကို စြန္႔ပစ္ၾကသည့္မိဘေတြရွိသလို ကိုယ္နဲ႔မသက္ဆိုင္သည့္ကေလးငယ္မ်ား ဒုကၡေရာက္ေနသည့္အခါ ကူညီဖို႔အသင့္ရွိသူမ်ားသည္ အင္မတန္မွ ေလးစားဖြယ္ေကာင္းလွသည္။

ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕ရွိ အသက္၆၄ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးသည္ သူ႔ဘဝတစ္ေလွ်ာက္လုံး ႀကဳံေတြ႕ခဲ့ရသည့္ လမ္းေဘးမွာ ခိုကိုးရာမဲ့ဘဝနဲ႔ စြန္႔ပစ္ခံကေလးငယ္ေတြအား မိုးလုံေလလုံရွိေသာ အိမ္ေကာင္းေကာင္းေလးမွာ ေနေစလိုသည့္ ဆႏၵကို အေကာင္အထည္ေဖာ္ခဲ့သည္။အမ်ိဳးသားႀကီးသည္ ဇနီးနဲ႔သားသမီးႏွစ္ေယာက္ရွိရာ အဆင္ေျပေသာစီးပြားေရးလုပ္ငန္းတစ္ခုကိုလည္း ပိုင္ဆိုင္ထားတာေၾကာင့္ အလုပ္ကေနအၿငိမ္းစားယူၿပီးခ်ိန္ တိုက္အိမ္တစ္လုံးေဆာက္လုပ္ကာ မိဘမဲ့ကေလးငယ္ေတြကို ေမြးစားခဲ့သည္။

အမ်ိဳးသားႀကီးရဲ႕ေကာင္းျမတ္ေသာ ဂုဏ္သတင္းသည္ ေနရာအႏွံ႔ပ်ံ႕ႏွံ႔ကာ အျခားေသာ ခက္ခဲသည့္အေျခအေနမွာရွိတဲ့မိဘမ်ားသည္ သူတို႔ရဲ႕ကေလးငယ္မ်ားအား အနာဂတ္လမ္းေျဖာင့္ျဖဴးေစရန္အတြက္ အမ်ိဳးသားဆီမွာ လာေရာက္အပ္ႏွံခဲ့ၾက၍ ကေလးငယ္အေရအတြက္မွာ တစ္ေန႔တျခားတိုးပြားလာၿပီး ၈၈ေယာက္ထိ ျဖစ္လာခဲ့သည္။အမ်ိဳးသားႀကီးသည္ ကေလးငယ္ေတြအတြက္ စားစရာကို ကိုယ္တိုင္ခ်က္ျပဳတ္ေကြၽးၿပီး သူ႔ရဲ႕သားသမီးရင္းခ်ာေတြလို ေႏြးေထြးတဲ့ ေမတၱာအျပည့္အဝေပးကာ အ႐ြယ္ေရာက္ေသာသားသမီးေတြအတြက္ အေမြခြဲေဝေပးဖို႔ပင္ စီစဥ္ေနခဲ့သည္။

Nge (Cele Daily )

  • Leave a Comment