ဆယ်နှစ်ကျော်အတွင်း ယောကျ်ားလေးတစ်ယောက်မှမမွေးပဲ မိန်းကလေးတွေချည်းသာမွေးဖွားခဲ့သော ထူးဆန်းသည့်ကျေးရွာ

လူသားတို့နေထိုင်ရာ ကမ္ဘာကြီးသည် ထူးဆန်းသောအဖြစ်အပျက်များနဲ့ ပြည့်နှက်နေရာ ဘယ်သူကမှအဖြေရှာမရသည့် အဖြစ်အပျက်မျိုးတွေလည်း များစွာရှိနေသည်။သို့ဖြစ်၍ ပိုလန်နိုင်ငံရှိ Miejsce Odrzanskie အမည်ရှိသော ရွာငယ်လေးတွင် ဆယ်စုနှစ်အတွင်း တစ်ရွာလုံးရှိ မိသားစုတိုင်းမှ ယောကျာ်းလေးတစ်ယောက်မှ မမွေးဖွားခဲ့သော အဖြစ်အပျက်လေးသည် လူအများအား စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့သည်။

အာဏာပိုင်များက ထိုကျေးရွာရဲ့ လူဦးရေတိုးပွားမှုစာရင်းကိုကြည့်လိုက်သောအခါ ထူးဆန်းစွာဖြင့် ဆယ်နှစ်ကျော်အတွင်း မိန်းကလေးများသာ မွေးဖွားခဲ့၍ မီးသတ်သမားတပ်ဖွဲ့ဝင်တွေအားလုံးကလည်း အမျိုးသမီးတွေချည်းဖြစ်နေခဲ့သည်။

အစပိုင်းတွင် ဆရာဝန်များက ထိုရွာရှိကိုယ်ဝန်ဆောင်အမျိုးသမီးများအား သားယောကျ်ားလေး မွေးဖွားလာစေဖို့ ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများကို စားသင့်ကြောင်းနှင့် အခြားသောနည်းလမ်းအမျိုးမျိုးကို အကြံပေးခဲ့ကြသော်လည်း ရလဒ်ကမပြောင်းလဲခဲ့တာကြောင့် ဘယ်သူကမှအဖြေမရှာနိုင်ပဲ လက်လျှော့ကုန်ကြသည်။

Nge (Cele Daily )

Zawgyi

ဆယ္ႏွစ္ေက်ာ္အတြင္း ေယာက်္ားေလးတစ္ေယာက္မွမေမြးပဲ မိန္းကေလးေတြခ်ည္းသာေမြးဖြားခဲ့ေသာ ထူးဆန္းသည့္ေက်း႐ြာ

လူသားတို႔ေနထိုင္ရာ ကမာၻႀကီးသည္ ထူးဆန္းေသာအျဖစ္အပ်က္မ်ားနဲ႔ ျပည့္ႏွက္ေနရာ ဘယ္သူကမွအေျဖရွာမရသည့္ အျဖစ္အပ်က္မ်ိဳးေတြလည္း မ်ားစြာရွိေနသည္။သို႔ျဖစ္၍ ပိုလန္ႏိုင္ငံရွိ Miejsce Odrzanskie အမည္ရွိေသာ ႐ြာငယ္ေလးတြင္ ဆယ္စုႏွစ္အတြင္း တစ္႐ြာလုံးရွိ မိသားစုတိုင္းမွ ေယာက်ာ္းေလးတစ္ေယာက္မွ မေမြးဖြားခဲ့ေသာ အျဖစ္အပ်က္ေလးသည္ လူအမ်ားအား စိတ္ဝင္စားမႈကို ျဖစ္ေပၚေစခဲ့သည္။

အာဏာပိုင္မ်ားက ထိုေက်း႐ြာရဲ႕ လူဦးေရတိုးပြားမႈစာရင္းကိုၾကည့္လိုက္ေသာအခါ ထူးဆန္းစြာျဖင့္ ဆယ္ႏွစ္ေက်ာ္အတြင္း မိန္းကေလးမ်ားသာ ေမြးဖြားခဲ့၍ မီးသတ္သမားတပ္ဖြဲ႕ဝင္ေတြအားလုံးကလည္း အမ်ိဳးသမီးေတြခ်ည္းျဖစ္ေနခဲ့သည္။

အစပိုင္းတြင္ ဆရာဝန္မ်ားက ထို႐ြာရွိကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားအား သားေယာက်္ားေလး ေမြးဖြားလာေစဖို႔ ကယ္လ္စီယမ္ႂကြယ္ဝေသာ အစားအစာမ်ားကို စားသင့္ေၾကာင္းႏွင့္ အျခားေသာနည္းလမ္းအမ်ိဳးမ်ိဳးကို အႀကံေပးခဲ့ၾကေသာ္လည္း ရလဒ္ကမေျပာင္းလဲခဲ့တာေၾကာင့္ ဘယ္သူကမွအေျဖမရွာႏိုင္ပဲ လက္ေလွ်ာ့ကုန္ၾကသည္။

Nge (Cele Daily )

  • Leave a Comment