ဆံပင်ညှပ်ဆိုင်အရွေးမှားမှုတို့ကြောင့် နဂိုမူလထက် ရုပ်ဆိုးစေသည့် ပုံပျက်ပန်းပျက်နဲ့ စုတ်ဖွားဖွားဆံပင်ကေကိုသာ ရရှိခဲ့သော မိန်းကလေး

လူတိုင်းက ဆံပင်ကေနဲ့ပက်သက်ပြီး အထူးဂရုစိုက်တာမျိုးပြုလုပ်ကြရာ ရာသီအပြောင်းအလဲအလိုက် ဆံပင်ပုံစံများသည်လည်း အမျိုးမျိုးခေတ်စား၍ လိုက်ညှပ်ကြသော်လည်း အချို့မှာ ဆံပင်ညှပ်ဆရာရဲ့ညံ့ဖျင်းမှုကြောင့် ထွက်လာသောဆံပင်ကကိုကြည့်ပြီး ဝမ်းနည်းကြေကွဲကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် လူငယ်များကြား Hippieဆံပင်အကောက်ပုံစံမျိုး ခေတ်စားနေခဲ့ရာ ဆံပင်ညှပ်ဆိုင်သို့သွားပြီး ပြောင်းလဲခဲ့ပေမယ့် ဆံပင်ညှပ်ဆိုင်အရွေးမှားမှုတို့ကြောင့်ပဲ ခါးသီးသောအဆုံးသတ်ကိုသာ ရရှိခဲ့သည်။မိန်းကလေးသည် ဆံပင်ပုံစံမပြောင်းခင်က ချောမောလှပနေသော်လည်း ဆံပင်ပုံစံပြောင်းပြီး ကြည့်ရဆိုးကာ ကာတွန်းဇာတ်ကောင်နဲ့ပင် တူနေကြောင်း မြင်တွေ့သူတိုင်းက ရယ်မောကာ စနောက်ခဲ့ကြသည်။

မိန်းကလေးရဲ့ ဆံပင်ကေသည် သပ်ရပ်မှုမရှိပဲ စုတ်ဖွားဖွားနဲ့ ဖြစ်နေခြင်းကြောင့် သူမကိုယ်တိုင် ဘယ်လိုဆက်လုပ်ရမလဲမသိအောင်ကို အခက်တွေ့ကာ မှန်ကြည့်တိုင်းငိုနေရသည့်အဖြစ်အား လိုင်းပေါ်မျှဝေခဲ့သည်။

Nge (Cele Daily )

Zawgyi





Nge (Cele Daily )

  • Leave a Comment