အဝတ်စားသစ်များဝယ်မဝတ်တော့ပဲ အသုံးစရိတ်အားလုံးချွေတာခဲ့ပြီးနောက် ၁၆နှစ်အကြာမှာတော့ တိုက်အိမ်သုံးလုံးပိုင်ဆိုင်နေပြီဖြစ်တဲ့ အမျိုးသမီး

လူတစ်ယောက်က ပိုက်ဆံအများကြီးရှာနိုင်ခြင်းထက် ရသလောက်ကို ချွေတာစုဆောင်းတတ်ခြင်းက ပိုပြီးတော့ လေးစားအတုယူဖွယ်ကောင်းပေသည်။သို့ဖြစ်၍ ဂျပန်နိုင်ငံက အသက်၃၄နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် တစ်ရက်ကို၁၅၃ယန်းသာသုံးစွဲပြီး နေ့စဥ်ကုန်ကျမည့်အသုံးစရိတ်အားလုံးကို ချွေတာကာ အသက်၁၈နှစ်အရွယ်ကတည်းက ငွေစတင်စုဆောင်းခဲ့သည်။

အမျိုးသမီးသည် အပိုငွေမကုန်ရန် အဝတ်စားသစ်များဝယ်မဝတ်တော့ပဲ သူများပေးတဲ့တစ်ပတ်နွမ်းအဟောင်းတွေကိုသာ ဝတ်ဆင်ခဲ့ပြီး အစားအသောက်မှာလည်း အသီးအရွက်တွေကိုသာ ရွေးချယ်စားသုံးခဲ့သည်။အမျိုးသမီးရဲ့ချွေတာမှုတို့ကြောင့် အသက်၂၇နှစ်တွင် ယန်း၁၀သန်းတန်ဖိုးရှိသော တိုက်အိမ်ကြီးတစ်လုံးဝယ်ယူနိုင်ခဲ့ပြီး ၂နှစ်အကြာမှာတော့ ဒုတိယတိုက်အိမ်ကို ယန်း၁၈သန်းနဲ့ ဝယ်ယူကာ အသက်၃၄နှစ်အရွယ်မှာ ယန်း၃၇သန်းတန်ဖိုးရှိ အိမ်ကြီးကိုဝယ်ယူနိုင်ခဲ့သည်။

အမျိုးသမီးသည် စုဆောင်းခဲ့သမျှ ၁၆နှစ်အတွင်း သူမပိုင်ဆိုင်ထားသည့်တိုက်အိမ်တွေမှာ အိမ်ငှားနဲ့ထား၍ လစဥ်ဝင်ငွေ ယန်း၃သိန်းရရှိနေပြီဖြစ်ပြီး အလုပ်ကနေလည်း အငြိမ်းစားယူခဲ့ပြီဖြစ်သည်။

Nge (Cele Daily )

Zawgyi

အဝတ္စားသစ္မ်ားဝယ္မဝတ္ေတာ့ပဲ အသုံးစရိတ္အားလုံးေခြၽတာခဲ့ၿပီးေနာက္ ၁၆ႏွစ္အၾကာမွာေတာ့ တိုက္အိမ္သုံးလုံးပိုင္ဆိုင္ေနၿပီျဖစ္တဲ့ အမ်ိဳးသမီး

လူတစ္ေယာက္က ပိုက္ဆံအမ်ားႀကီးရွာႏိုင္ျခင္းထက္ ရသေလာက္ကို ေခြၽတာစုေဆာင္းတတ္ျခင္းက ပိုၿပီးေတာ့ ေလးစားအတုယူဖြယ္ေကာင္းေပသည္။သို႔ျဖစ္၍ ဂ်ပန္ႏိုင္ငံက အသက္၃၄ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ တစ္ရက္ကို၁၅၃ယန္းသာသုံးစြဲၿပီး ေန႔စဥ္ကုန္က်မည့္အသုံးစရိတ္အားလုံးကို ေခြၽတာကာ အသက္၁၈ႏွစ္အ႐ြယ္ကတည္းက ေငြစတင္စုေဆာင္းခဲ့သည္။

အမ်ိဳးသမီးသည္ အပိုေငြမကုန္ရန္ အဝတ္စားသစ္မ်ားဝယ္မဝတ္ေတာ့ပဲ သူမ်ားေပးတဲ့တစ္ပတ္ႏြမ္းအေဟာင္းေတြကိုသာ ဝတ္ဆင္ခဲ့ၿပီး အစားအေသာက္မွာလည္း အသီးအ႐ြက္ေတြကိုသာ ေ႐ြးခ်ယ္စားသုံးခဲ့သည္။အမ်ိဳးသမီးရဲ႕ေခြၽတာမႈတို႔ေၾကာင့္ အသက္၂၇ႏွစ္တြင္ ယန္း၁၀သန္းတန္ဖိုးရွိေသာ တိုက္အိမ္ႀကီးတစ္လုံးဝယ္ယူႏိုင္ခဲ့ၿပီး ၂ႏွစ္အၾကာမွာေတာ့ ဒုတိယတိုက္အိမ္ကို ယန္း၁၈သန္းနဲ႔ ဝယ္ယူကာ အသက္၃၄ႏွစ္အ႐ြယ္မွာ ယန္း၃၇သန္းတန္ဖိုးရွိ အိမ္ႀကီးကိုဝယ္ယူႏိုင္ခဲ့သည္။

အမ်ိဳးသမီးသည္ စုေဆာင္းခဲ့သမွ် ၁၆ႏွစ္အတြင္း သူမပိုင္ဆိုင္ထားသည့္တိုက္အိမ္ေတြမွာ အိမ္ငွားနဲ႔ထား၍ လစဥ္ဝင္ေငြ ယန္း၃သိန္းရရွိေနၿပီျဖစ္ၿပီး အလုပ္ကေနလည္း အၿငိမ္းစားယူခဲ့ၿပီျဖစ္သည္။

Nge (Cele Daily )

  • Leave a Comment