ဖောက်သည်များစိတ်ဝင်အားအောင် အမျိုးမျိုးသောနည်းလမ်းတွေနဲ့ ဆွဲဆောင်ရသည်မှာ စျေးသည် စီးပွားရေးလုပ်ငန်းရှင်တို့ရဲ့ တာဝန်ဖြစ်ကာ စျေးရောင်းကောင်းဖို့အတွက် သူ့ထက်ငါအပြိုင်ကြိုးစားကြသည်။
ယခုတွင်လည်း တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ အသက်၄၁နှစ်အရွယ် အမျိုးသားတစ်ဦးသည် စျေးရောင်းဝါသနာပါကာ ကိတ်မုန့်နှင့်အခြားသော ကုန်ပစ္စည်းများရောင်းချခဲ့ဖူးသော်လည်း အခြားသောရောင်းသူတွေနဲ့မယှဥ်နိုင်ခဲ့တာကြောင့် အရှုံးသာပေါ်ခဲ့သည်။အမျိုးသားသည် ကုန်ပစ္စည်းပြောင်းကာ လူငယ်များကြားရေပန်းစားသည့် ဒေါက်ဖိနပ်အား ရောင်းချဖို့ဆုံးဖြတ်ခဲ့ပြီး ဝယ်သူတွေဆီက စိတ်ဝင်စားမှုရရှိအောင် ကိုယ်တိုင်ဒေါက်မြင့်ဖိနပ်ကို စီးကာ ပေါ့ပါးသွက်လက်စွာပဲ ပြေးလွှားပြခဲ့သည်။
အမျိုးသားသည် သူရောင်းချသော ဒေါက်မြင့်ဖိနပ်ရဲ့အရည်အသွေးမှာကောင်းမွန်ကြောင်း လိုင်းပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး ရောင်းခဲ့ရာမှာ လူအများရဲ့အာရုံစူးစိုက်မှုတို့ကိုရရှိကာ နာမည်ကြီးလာပြီး တစ်လကို ယွမ်ငွေ၆သန်းခန့်ရောင်းချနိုင်ခဲ့သည်။
Nge (Cele Daily )
Zawgyi
ဝယ်သူများစိတ်ဝင်စားပြီး ဈေးရောင်းကောင်းဖို့အတွက် ဒေါက်မြင့်ဖိနပ်ကို ကိုယ်တိုင်စီးကာ ပြေးခုန်ပြနေသော အသက်၄၁နှစ်အရွယ် အမျိုးသားတစ်ဦး
ဖောက်သည်များစိတ်ဝင်အားအောင် အမျိုးမျိုးသောနည်းလမ်းတွေနဲ့ ဆွဲဆောင်ရသည်မှာ ဈေးသည် စီးပွားရေးလုပ်ငန်းရှင်တို့ရဲ့ တာဝန်ဖြစ်ကာ ဈေးရောင်းကောင်းဖို့အတွက် သူ့ထက်ငါအပြိုင်ကြိုးစားကြသည်။
Nge (Cele Daily )