သားသမီး၉ယောက်ရှိပေမယ့် အမွေခွဲဝေပေးပြီးနောက် ဘယ်သူကမှမလုပ်ကျွေးချင်၍ လမ်းဘေးမှာတောင်းစားနေရသော မိခင်တစ်ဦးရဲ့အဖြစ်

မိဘတွေသည် သားသမီးဘယ်နှစ်ယောက်ပဲရှိရှိ ထမင်းမငတ်အောင်တော့ ကျွေးမွေးစောင့်ရှောက်နိုင်ကြပေမယ့် အချို့သော သားသမီးတွေသည် မိဘရဲ့ကျေးဇူးကိုပြန်ဆပ်ဖို့မေ့နေကြပြီး သက်ကြီးရွယ်အိုဖြစ်လာသည့်အခါ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဆက်ဆံသဘောထားကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ အသက်၈၀ကျော်အရွယ် မိခင်တစ်ဦးသည် သားသမီး၉ယောက်ရှိပေမယ့်လည်း လမ်းဘေးတစ်နေရာတွင်ထိုင်ကာ ဖြတ်သွားဖြတ်လာသူများဆီကနေ စားစရာအချို့တောင်းခံရင်း ဖြတ်သန်းနေရသည်။မိခင်ဖြစ်သူသည် ခင်ပွန်းသည်ဆုံးပါးသွားပြီးနောက်ပိုင်း သူမတစ်ယောက်တည်းကပဲ သားသမီး၉ယောက်လုံးကို ပြုစုပျိုးထောင်ပေးခဲ့ပေမယ့် အရွယ်ရောက်လို့ အိမ်ထောင်ကျသည့်အခါ အမွေခွဲဝေပေးရန် ပြောဆိုခဲ့ကြသည်။

မိခင်ဖြစ်သူမှာ ဘဝတစ်လျှောက်လုံး စုဆောင်းခဲ့ရသမျှကို သားသမီးတစ်ယောက်ချင်းစီခွဲဝေပေးအပြီးမှာတော့ ဘယ်သားသမီးကမှ ကြည်ဖြူစွာ ကျွေးမွေးစောင့်ရှောက်ခြင်းမပြုချင်ကြ၍ လမ်းပေါ်ထွက်ကာ တောင်းစားခဲ့ရသည်။သားသမီးများသည် မလုပ်ကျွေးသည့်အပြင် လမ်းမှာတွေ့သော်လည်း အမေတစ်ယောက်အဖြစ် နှုတ်ဆက်ခြင်းမျိုးမရှိပဲ မသိတဲ့သူစိမ်းတစ်ယောက်လိုသာ ဆက်ဆံခဲ့ကြ၍ မိခင်အိုကြီးမှာ ရင်နာနာနဲ့ဝမ်းနည်းမျက်ရည်များစွာ ကျနေရသည်။

Nge (Cele Daily )

Zawgyi

သားသမီး၉ေယာက္ရွိေပမယ့္ အေမြခြဲေဝေပးၿပီးေနာက္ ဘယ္သူကမွမလုပ္ေကြၽးခ်င္၍ လမ္းေဘးမွာေတာင္းစားေနရေသာ မိခင္တစ္ဦးရဲ႕အျဖစ္

မိဘေတြသည္ သားသမီးဘယ္ႏွစ္ေယာက္ပဲရွိရွိ ထမင္းမငတ္ေအာင္ေတာ့ ေကြၽးေမြးေစာင့္ေရွာက္ႏိုင္ၾကေပမယ့္ အခ်ိဳ႕ေသာ သားသမီးေတြသည္ မိဘရဲ႕ေက်းဇူးကိုျပန္ဆပ္ဖို႔ေမ့ေနၾကၿပီး သက္ႀကီး႐ြယ္အိုျဖစ္လာသည့္အခါ ဝန္ထုပ္ဝန္ပိုးတစ္ခုလို ဆက္ဆံသေဘာထားၾကသည္။

ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕ရွိ အသက္၈၀ေက်ာ္အ႐ြယ္ မိခင္တစ္ဦးသည္ သားသမီး၉ေယာက္ရွိေပမယ့္လည္း လမ္းေဘးတစ္ေနရာတြင္ထိုင္ကာ ျဖတ္သြားျဖတ္လာသူမ်ားဆီကေန စားစရာအခ်ိဳ႕ေတာင္းခံရင္း ျဖတ္သန္းေနရသည္။မိခင္ျဖစ္သူသည္ ခင္ပြန္းသည္ဆုံးပါးသြားၿပီးေနာက္ပိုင္း သူမတစ္ေယာက္တည္းကပဲ သားသမီး၉ေယာက္လုံးကို ျပဳစုပ်ိဳးေထာင္ေပးခဲ့ေပမယ့္ အ႐ြယ္ေရာက္လို႔ အိမ္ေထာင္က်သည့္အခါ အေမြခြဲေဝေပးရန္ ေျပာဆိုခဲ့ၾကသည္။

မိခင္ျဖစ္သူမွာ ဘဝတစ္ေလွ်ာက္လုံး စုေဆာင္းခဲ့ရသမွ်ကို သားသမီးတစ္ေယာက္ခ်င္းစီခြဲေဝေပးအၿပီးမွာေတာ့ ဘယ္သားသမီးကမွ ၾကည္ျဖဴစြာ ေကြၽးေမြးေစာင့္ေရွာက္ျခင္းမျပဳခ်င္ၾက၍ လမ္းေပၚထြက္ကာ ေတာင္းစားခဲ့ရသည္။သားသမီးမ်ားသည္ မလုပ္ေကြၽးသည့္အျပင္ လမ္းမွာေတြ႕ေသာ္လည္း အေမတစ္ေယာက္အျဖစ္ ႏႈတ္ဆက္ျခင္းမ်ိဳးမရွိပဲ မသိတဲ့သူစိမ္းတစ္ေယာက္လိုသာ ဆက္ဆံခဲ့ၾက၍ မိခင္အိုႀကီးမွာ ရင္နာနာနဲ႔ဝမ္းနည္းမ်က္ရည္မ်ားစြာ က်ေနရသည္။

Nge (Cele Daily )

  • Leave a Comment