သူငယ်ချင်းနဲ့ အလည်အပတ်ခရီးသွားရာ၌ သူမရိုက်ပေးထားသောပုံမှာ အပြစ်ပြောစရာမရှိအောင်လှပလွန်းသော်လည်း သူငယ်ချင်းပြန်ရိုက်ပေးထားသည့်ပုံကိုကြည့်ပြီး ကြေကွဲနေရသည့် မိန်းကလေး

လူတိုင်းက ခရီးထွက်သည့်အခါ ချစ်သူ၊သူငယ်ချင်းများနဲ့သာ အများဆုံးထွက်လေ့ရှိကြပြီး သာယာလှပသော ရှုခင်းများနဲ့အတူ အမှတ်တရဓာတ်ပုံလေးများရိုက်ကူးတတ်ကြသည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက မိန်းကလေးတစ်ဦးသည် အလုပ်အားလပ်ရက်တွင် သူငယ်ချင်းဖြစ်သူနဲ့ ရေပန်းစားနေသော အလည်အပတ်ခရီးတစ်ခုထွက်ရန် တိုင်ပင်ထားခဲ့သည်။

မိန်းကလေးသည် ခရီးသွားရာ၌ ရောက်ရှိသည့်နေရာအားလုံးကို သူငယ်ချင်းဖြစ်သူအား ပုံလှလှလေးရိုက်ပေးခဲ့သော်လည်း သူမအလှည့်ပြန်ရိုက်ပေးချိန်ကျ ပုံများမှာမလှမပနဲ့ ကြေကွဲစရာကောင်းတာကို မြင်တွေ့ခဲ့ရသည်။

မိန်းကလေးသည် သာယာလှပသော ရှုခင်းများနဲ့အမှတ်တရဓာတ်ပုံကောင်းကောင်းလေးရချင်ခဲ့သော်လည်း သူငယ်ချင်းဖြစ်သူရဲ့ဓာတ်ပုံမရိုက်တတ်ခြင်းကြောင့် မပျော်ရွှင်ရပဲ ဖြစ်နေတော့သည်။

Nge (Cele Daily )

Zawgyi





Nge (Cele Daily )

  • Leave a Comment