မိဘနှစ်ပါးကခြံသွားနေရ၍ အိမ်မှာကလေးကြည့်ပေးမည့်သူမရှိတာကြောင့် မောင်လေးကို နေ့တိုင်းစာသင်ခန်းထဲထိခေါ်သွားခဲ့တဲ့ မိန်းကလေး

ကလေးငယ်အများစုတို့မှာ ကျောင်းသွားချိန်တွင် လူကြီးမိဘများက စိတ်မချ၍ စာသင်ခန်းထဲထိလိုက်ပို့တာမျိုးတွေရှိသော်လည်း စာမကြိုးစားကြပဲ အချို့သော ကလေးငယ်တွေကျ လမ်းခရီးဘယ်လောက်ပဲကြမ်းနေပါစေ ကိုယ့်ဘာသာကိုပဲ လမ်းလျှောက်သွားကြရကာ စာတတ်မြောက်ရေးအတွက် ကြိုးစားအားထုတ်ကြရသည်။

ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ ကုန်းမြင့်ဒေသတွင် နေထိုင်သော အသက်၁၁နှစ်အရွယ် ကလေးမလေးတစ်ဦးသည် မိဘနှစ်ပါးက ဆင်းရဲနွမ်းပါး၍ နေ့တိုင်းခြံသို့သွားကာ ဝင်ငွေရှာရစဥ် အိမ်မှာမောင်လေးကို ထိန်းဖို့ရာအတွက် လူမရှိပဲဖြစ်နေခဲ့သည်။ကလေးမလေးရဲ့ မိဘနှစ်ပါးကလည်း မောင်လေးကိုထိန်းရန် ကျောင်းထွက်ခိုင်းပေမယ့် စာတတ်ချင်လွန်း၍ မောင်လေးအား ကျောပိုးပြီးတော့ လမ်းခရီးကြမ်းနေပါစေ ကျောင်းသို့ခေါ်ဆောင်သွားခဲ့သည်။

ကလေးမလေးသည် အခြားသောကလေးတွေလို လွတ်လပ်စွာစာမသင်ကြားရပဲ မောင်လေးကိုတစ်ဖက်ပွေ့ချီပြီး စာသင်ရပေမယ့် စိတ်ပျက်မသွားပဲ ဘွဲ့ရပညာတတ်ကြီးဖြစ်အောင် ကြိုးစားလျက်ရှိသည်။

Nge (Cele Daily )

Zawgyi





Nge (Cele Daily )

  • Leave a Comment