ဖခင်ဖြစ်သူကိုယ်တိုင် ညှပ်ပေးနေသော ဆံပင်ပုံစံအား မကြိုက်တာကြောင့် စူပုတ်ပုတ်မျက်နှာနဲ့ ဖခင်အား မကျေနပ်သည့်ဟန် မျက်စောင်းတထိုးထိုးလုပ်နေသော ကောင်လေး

ဆံပင်ပုံစံသည် လူတစ်ယောက်ရဲ့အသွင်အပြင်အား ပြောင်းလဲသွားစေသလို လူကြီးများသာမက ကလေးငယ်များသည် ဆံပင်ညှပ်သည့်အခါ မလှနေပါက မကျေမနပ်ဖြစ်ရကာ ဝမ်းနည်းကြေကွဲကြရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက အသက်၄နှစ်အရွယ် ကောင်လေးတစ်ဦးသည် မူကြိုကျောင်းပိတ်ရက်၌ ဖခင်ဖြစ်သူမှ ဆံပင်ကိုယ်တိုင်ညှပ်ပေးခဲ့ရာတွင် သူ့အကြိုက်ပုံစံမဟုတ်ပဲ ရုပ်ဆိုးသွားတာကြောင့် မျက်နှာမှာစူပုတ်ပုတ်ကြီးဖြစ်နေခဲ့သည်။ကောင်လေးသည် ဆံပင်ညှပ်ပြီးသောအခါ ရုပ်ဆိုးဆိုးညှပ်ပေးလိုက်သော ဖခင်အားမကျေနပ်သည့်ဟန်နဲ့ မျက်စောင်းထိုးကာ တင်းမာနေသော မျက်နှာထားကြောင့် ဖခင်ဖြစ်သူမှာ မရယ်မောပဲမနေနိုင်ဖြစ်ခဲ့ရသည်။

ထို့အတူ မိခင်ဖြစ်သူကလည်း သားငယ်လေးရဲ့ ဆံပင်ကေပုံစံမကြိုက်လို့ ဖြစ်နေသောရုပ်လေးအား ချစ်စရာကောင်းလွန်းနေတာကြောင့် ဟာသသဘောနဲ့ သားလေးရဲ့ပုံကို လူမှုကွန်ယက်ပေါ်မျှဝေခဲ့သည်။

Nge (Cele Daily )

Zawgyi

ဖခင္ျဖစ္သူကိုယ္တိုင္ ညႇပ္ေပးေနေသာ ဆံပင္ပုံစံအား မႀကိဳက္တာေၾကာင့္ စူပုတ္ပုတ္မ်က္ႏွာနဲ႔ ဖခင္အား မေက်နပ္သည့္ဟန္ မ်က္ေစာင္းတထိုးထိုးလုပ္ေနေသာ ေကာင္ေလး

ဆံပင္ပုံစံသည္ လူတစ္ေယာက္ရဲ႕အသြင္အျပင္အား ေျပာင္းလဲသြားေစသလို လူႀကီးမ်ားသာမက ကေလးငယ္မ်ားသည္ ဆံပင္ညႇပ္သည့္အခါ မလွေနပါက မေက်မနပ္ျဖစ္ရကာ ဝမ္းနည္းေၾကကြဲၾကရသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံက အသက္၄ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ မူႀကိဳေက်ာင္းပိတ္ရက္၌ ဖခင္ျဖစ္သူမွ ဆံပင္ကိုယ္တိုင္ညႇပ္ေပးခဲ့ရာတြင္ သူ႔အႀကိဳက္ပုံစံမဟုတ္ပဲ ႐ုပ္ဆိုးသြားတာေၾကာင့္ မ်က္ႏွာမွာစူပုတ္ပုတ္ႀကီးျဖစ္ေနခဲ့သည္။ေကာင္ေလးသည္ ဆံပင္ညႇပ္ၿပီးေသာအခါ ႐ုပ္ဆိုးဆိုးညႇပ္ေပးလိုက္ေသာ ဖခင္အားမေက်နပ္သည့္ဟန္နဲ႔ မ်က္ေစာင္းထိုးကာ တင္းမာေနေသာ မ်က္ႏွာထားေၾကာင့္ ဖခင္ျဖစ္သူမွာ မရယ္ေမာပဲမေနႏိုင္ျဖစ္ခဲ့ရသည္။

ထို႔အတူ မိခင္ျဖစ္သူကလည္း သားငယ္ေလးရဲ႕ ဆံပင္ေကပုံစံမႀကိဳက္လို႔ ျဖစ္ေနေသာ႐ုပ္ေလးအား ခ်စ္စရာေကာင္းလြန္းေနတာေၾကာင့္ ဟာသသေဘာနဲ႔ သားေလးရဲ႕ပုံကို လူမႈကြန္ယက္ေပၚမွ်ေဝခဲ့သည္။

Nge (Cele Daily )

  • Leave a Comment