ကုမ္ပဏီမှာ ၁၀နှစ်ကျော်အကြာ အလုပ်ကြိုးစားပေးခဲ့သော ဝန်ထမ်းအမျိုးသားအား ဇိမ်ခံကားသစ်တစ်စီး ဆုချခဲ့သည့် သူဌေး

အလုပ်သမားဝန်ထမ်းများအနေနဲ့ သူတစ်ပါးလက်အောက်မှာ တာဝန်ထမ်းဆောင်ရသည့်အခါ ကောင်းသောသူဌေးနဲ့ကြုံရသလို သူဌေးဆိုးနဲ့လည်း ကြုံရတတ်သည်။ယခုအခါမှာတော့ မလေးရှားနိုင်ငံက သူဌေးတစ်ဦးသည် အလုပ်သမားဝန်ထမ်းတွေအပေါ် သဘောကောင်းကြင်နာမှုရှိပြီး အလုပ်ကြိုးစားသည့်ဝန်ထမ်းတစ်ဦးအား ကားသစ်တစ်စီးလက်ဆောင်ဝယ်ပေးခဲ့သည်။

သူဌေးဖြစ်သူသည် ကားအရောင်းဆိုင်တစ်ခုသို့ ဝန်ထမ်းအမျိုးသားအား ခေါ်သွားပြီး ဇိမ်ခံကားတစ်စီးနဲ့ Supriseလုပ်ပေးခဲ့ရာ ဝန်ထမ်းဖြစ်သူမှာ ဝမ်းသာလွန်း၍ ကားကိုပင်ပွေ့ဖက်ထားခဲ့သည်။

ဝန်ထမ်းအမျိုးသားသည် အင်ဒိုနီးရှားနိုင်ငံသားဖြစ်ပြီး သူဌေးရဲ့ကုမ္ပဏီမှာ ၁၀နှစ်ကြာသည်ထိ အလုပ်ကြိုးစားပေးခဲ့ခြင်းဖြင့် သူဌေးဆီကနေ ထိုက်တန်သောလက်ဆောင်ပြန်ရရှိသည်မှာ ဂုဏ်ယူဖွယ်ကောင်းသည်။

Nge (Cele Daily )

Zawgyi





Nge (Cele Daily )

  • Leave a Comment