အချို့သောသူများသည် အယူတန်ပြီး ကိုယ့်ရဲ့လုပ်ရပ်က မှားနေလားမှန်နေလားကို မခွဲခြားတော့ပဲ ကိုယ်ထင်ရာကိုသာ ဇွတ်လုပ်တတ်ကြရာ ပတ်ဝန်းကျင်ကပြောဆိုသမျှတို့ကိုလည်း ဂရုမစိုက်ကြပေ။
ယခုတွင်လည်း လူငယ်တစ်ဦးသည် အန္တရာယ်များလှသော မြွေဟောက်တစ်ကောင်ကို ဇနီးမယားအဖြစ် လက်ထပ်ယူခဲ့ပြီး အတူအိပ်အတူစားကာ သွားလေရာလည်းခေါ်ဆောင်သွားခဲ့သည်။လူငယ်လေးသည် မြွေဟောက်အား မကြောက်လန့်ပဲ လွန်ခဲ့သော ၅နှစ်အကြာက ဆုံးပါးသွားသည့် ချစ်သူကောင်မလေးမှ ပြန်ဝင်စားသည်ဟုယုံကြည်ကာ နွေးထွေးကြင်နာစွာဆက်ဆံပေးခဲ့သည်။
လူငယ်လေးရဲ့လုပ်ရပ်ကြောင့် ဘေးပတ်ဝန်းကျင်များက စိတ်ပူပြီး မြွေဟောက်က တိရစ္ဆာန်ဖြစ်သည့်အတွက် တစ်ချိန်ချိန်မှာ ကိုယ့်ရဲ့အသက်ကို အန္တရာယ်ပေးလာနိုင်ကြောင်း သတိပေးခဲ့ကြပေမယ့် လက်မခံပဲ မြွေဟောက်လေးအပေါ် ချစ်မြတ်နိုးမပြတ်ဖြစ်နေခဲ့သည်။
Nge (Cele Daily )
Zawgyi
လွန်ခဲ့တဲ့၅နှစ်က ဆုံးပါးသွားသော ချစ်သူကောင်မလေးမှ မြွေပြန်ဝင်စားတယ်လို့ယုံကြည်ကာ ဇနီးအဖြစ် လက်ထပ်ယူခဲ့သော အမျိုးသား
Nge (Cele Daily )