ငွေကြေးမတတ်နိုင်၍ မွေးနေ့ကိတ်နဲ့ဖယောင်းတိုင်အစား မီးခြစ်ကမီးကိုသာမှုတ်လိုက်ရပေမယ့် ပြုံးပျော်နေဆဲဖြစ်သော ကလေးမလေး

လူတိုင်းက ကိုယ့်ရဲ့မွေးနေ့လေးမှာ မိသားစု၊သူငယ်ချင်းများနဲ့အတူ မွေးနေ့ဖယောင်းတိုင်လေးမှုတ်ပြီး ကိတ်လေးခွဲကာ ပျော်ရွှင်စွာ ဖြတ်သန်းလိုကြသလို ငွေကြေးမပြည့်စုံသူများအဖို့ မွေးနေ့ကိတ်ခွဲခြင်းက အိပ်မက်တစ်ခုလိုသာ ဖြစ်နေသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ Dak Lakခရိုင်ရှိ ကုန်းမြင့်ဒေသလေးမှာ နေထိုင်သော အသက်၆နှစ်အရွယ် ကလေးမလေးတစ်ဦးသည် သူမရဲ့မွေးနေ့မှာ မွေးနေ့ကိတ်နဲ့ဖယောင်းတိုင်အစား မီးခြစ်ကိုသာမှုတ်ခဲ့ရသည်။ကလေးမလေးသည် မိသားစုဆင်းရဲနွမ်းပါးတာကို သိရှိပြီး တစ်ခါတစ်လေ ဟင်းမပါပဲ ထမင်းဖြူကြမ်းပဲစားရသည့်အခါလည်း ငြီးငြူခြင်းမရှိသည့်အပြင် မိဘတွေအလုပ်သွားသည့်အခါ ဆော့ကစားမနေပဲ ပြောစရာမလိုအောင် စာကျက်လေ့ရှိသည်။

ကလေးမလေးသည် သူငယ်ချင်းလည်းမပါ မွေးနေ့ကိတ်လည်းမပါပေမယ့် ဖခင်ပြုလုပ်ပေးသော မီးခြစ်ကမီးကို ဖယောင်းတိုင်လိုသဘောထားပြီး မှုတ်ကာ ဖြူစင်ဆုံးအပြုံးများနဲ့ ပျော်ရွှင်နေခဲ့သည်။

Nge (Cele Daily )

Zawgyi

ေငြေၾကးမတတ္ႏိုင္၍ ေမြးေန႔ကိတ္နဲ႔ဖေယာင္းတိုင္အစား မီးျခစ္ကမီးကိုသာမႈတ္လိုက္ရေပမယ့္ ၿပဳံးေပ်ာ္ေနဆဲျဖစ္ေသာ ကေလးမေလး

လူတိုင္းက ကိုယ့္ရဲ႕ေမြးေန႔ေလးမွာ မိသားစု၊သူငယ္ခ်င္းမ်ားနဲ႔အတူ ေမြးေန႔ဖေယာင္းတိုင္ေလးမႈတ္ၿပီး ကိတ္ေလးခြဲကာ ေပ်ာ္႐ႊင္စြာ ျဖတ္သန္းလိုၾကသလို ေငြေၾကးမျပည့္စုံသူမ်ားအဖို႔ ေမြးေန႔ကိတ္ခြဲျခင္းက အိပ္မက္တစ္ခုလိုသာ ျဖစ္ေနသည္။

ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံ Dak Lakခ႐ိုင္ရွိ ကုန္းျမင့္ေဒသေလးမွာ ေနထိုင္ေသာ အသက္၆ႏွစ္အ႐ြယ္ ကေလးမေလးတစ္ဦးသည္ သူမရဲ႕ေမြးေန႔မွာ ေမြးေန႔ကိတ္နဲ႔ဖေယာင္းတိုင္အစား မီးျခစ္ကိုသာမႈတ္ခဲ့ရသည္။ကေလးမေလးသည္ မိသားစုဆင္းရဲႏြမ္းပါးတာကို သိရွိၿပီး တစ္ခါတစ္ေလ ဟင္းမပါပဲ ထမင္းျဖဴၾကမ္းပဲစားရသည့္အခါလည္း ၿငီးျငဴျခင္းမရွိသည့္အျပင္ မိဘေတြအလုပ္သြားသည့္အခါ ေဆာ့ကစားမေနပဲ ေျပာစရာမလိုေအာင္ စာက်က္ေလ့ရွိသည္။

ကေလးမေလးသည္ သူငယ္ခ်င္းလည္းမပါ ေမြးေန႔ကိတ္လည္းမပါေပမယ့္ ဖခင္ျပဳလုပ္ေပးေသာ မီးျခစ္ကမီးကို ဖေယာင္းတိုင္လိုသေဘာထားၿပီး မႈတ္ကာ ျဖဴစင္ဆုံးအၿပဳံးမ်ားနဲ႔ ေပ်ာ္႐ႊင္ေနခဲ့သည္။

Nge (Cele Daily )

  • Leave a Comment