မင်္ဂလာပွဲမှာ ရည်းစားဟောင်းအားလုံးကို ဖိတ်ကြားပြီး စားပွဲတစ်ခုတည်းမှာထိုင်စေခဲ့သော သတို့သမီးတစ်ဦးရဲ့ ရယ်မောစရာလုပ်ရပ်

လူတိုင်းက အချစ်နဲ့မကင်းဝေးကြသလို ရေစက်ပါသလောက်ဆုံခဲ့ကြရပြီး ပေါင်းဖက်ဖို့ ကံမပါလာသည့်အခါ ချစ်သူရည်းစားဘဝနဲ့ လမ်းခွဲပြတ်စဲကြကာ အချို့က သူငယ်ချင်းတွေအဖြစ် နှစ်ဦးကြားဆက်ဆံရေးထားရှိကြပြီး အချို့မှာတော့ သူစိမ်းတွေအဖြစ် ပြောင်းလဲသွားကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်က သတို့သမီးလေးတစ်ဦးသည် ရည်းစားများစွာထားခဲ့ဖူးပြီး ဖူးစာမပါ၍ လမ်းခွဲလိုက်ရပေမယ့် သူမရဲ့ မင်္ဂလာပွဲကို ရည်းစားဟောင်းအကုန်လုံးအား ဖိတ်ကြားပြီး တက်ရောက်စေခဲ့သည်။သတို့သမီးလေးသည် ရည်းစားဟောင်း ကောင်လေးအားလုံးကို စားပွဲခုံတစ်ခုတည်းမှာ ထိုင်စေပြီး အပျော်သဘောနဲ့ စားပွဲဝိုင်းမှာ ရည်းစားဟောင်းများကို ကြိုဆိုသည့်စာလေးပါ ရေးထားခဲ့သည်။

သတို့သမီးရဲ့ ရည်းစားဟောင်းအားလုံးကလည်း တစ်ယောက်နဲ့တစ်ယောက် စကားပင်မပြောကြပဲ အံ့လည်းအံ့သြမိနေပြီး ရှက်ရှက်နဲ့ မင်္ဂလာပွဲပြီးသည်ထိနေပေးခဲ့ကာ မြင်တွေ့သူများက ရယ်မောစွာနဲ့ ထိုအဖြစ်အပျက်လေးအား လိုင်းပေါ်မျှဝေခဲ့ကြသည်။

Nge (Cele Daily )

Zawgyi

မဂၤလာပြဲမွာ ရည္းစားေဟာင္းအားလုံးကို ဖိတ္ၾကားၿပီး စားပြဲတစ္ခုတည္းမွာထိုင္ေစခဲ့ေသာ သတို႔သမီးတစ္ဦးရဲ႕ ရယ္ေမာစရာလုပ္ရပ္

လူတိုင္းက အခ်စ္နဲ႔မကင္းေဝးၾကသလို ေရစက္ပါသေလာက္ဆုံခဲ့ၾကရၿပီး ေပါင္းဖက္ဖို႔ ကံမပါလာသည့္အခါ ခ်စ္သူရည္းစားဘဝနဲ႔ လမ္းခြဲျပတ္စဲၾကကာ အခ်ိဳ႕က သူငယ္ခ်င္းေတြအျဖစ္ ႏွစ္ဦးၾကားဆက္ဆံေရးထားရွိၾကၿပီး အခ်ိဳ႕မွာေတာ့ သူစိမ္းေတြအျဖစ္ ေျပာင္းလဲသြားၾကသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္က သတို႔သမီးေလးတစ္ဦးသည္ ရည္းစားမ်ားစြာထားခဲ့ဖူးၿပီး ဖူးစာမပါ၍ လမ္းခြဲလိုက္ရေပမယ့္ သူမရဲ႕ မဂၤလာပြဲကို ရည္းစားေဟာင္းအကုန္လုံးအား ဖိတ္ၾကားၿပီး တက္ေရာက္ေစခဲ့သည္။သတို႔သမီးေလးသည္ ရည္းစားေဟာင္း ေကာင္ေလးအားလုံးကို စားပြဲခုံတစ္ခုတည္းမွာ ထိုင္ေစၿပီး အေပ်ာ္သေဘာနဲ႔ စားပြဲဝိုင္းမွာ ရည္းစားေဟာင္းမ်ားကို ႀကိဳဆိုသည့္စာေလးပါ ေရးထားခဲ့သည္။

သတို႔သမီးရဲ႕ ရည္းစားေဟာင္းအားလုံးကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ စကားပင္မေျပာၾကပဲ အံ့လည္းအံ့ၾသမိေနၿပီး ရွက္ရွက္နဲ႔ မဂၤလာပြဲၿပီးသည္ထိေနေပးခဲ့ကာ ျမင္ေတြ႕သူမ်ားက ရယ္ေမာစြာနဲ႔ ထိုအျဖစ္အပ်က္ေလးအား လိုင္းေပၚမွ်ေဝခဲ့ၾကသည္။

Nge (Cele Daily )

  • Leave a Comment