ဖေ့စ်ဘုတ်ပေါ်မှာ သေချင်ယောင်ဆောင်ထားသောပုံများတင်ပြီး အကြွေးလွတ်အောင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သော အမျိုးသမီး
နိုင်ငံတကာတိုင်းတွင် ချေးငွေကိစ္စများနဲ့ ပက်သက်ပြီး ထွက်ပြေးတိမ်းရှောင်သူများနဲ့ မလိုလားအပ်သော ပြဿနာတွေဖြစ်ပေါ်ခြင်းကို မြင်ဖူးကြားဖူးမည်ဟုထင်မိသည်။ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် အကြွေး၄.၂သန်း ရူပီယာတင်ခဲ့ပြီးနောက် ပြန်မဆပ်ချင်ပဲ အကြွေးရှင်ဖက်က ဆက်သွယ်လာသမျှကို ရှောင်တိမ်းနေခဲ့သည်။
အမျိုးသမီးသည် အကြွေးအားလုံးလွတ်ကင်းရန်အတွက် သားဖြစ်သူရဲ့ဖေ့စ်ဘုတ်ကနေ ယာဥ်မတော်တဆမှုနဲ့ ဆုံးပါးသွားပြီဖြစ်ကြောင်း နှာခေါင်းထဲ၌ ဝါဂွမ်းစထည့်ကာ သေချင်ယောင်ဆောင်ထားသောပုံများအား တင်ခဲ့သည်။အကြွေးရှင်မှာလည်း သူမရဲ့ဆုံးပါးမှုသတင်းကို ကြားသိရချင်းစိတ်မကောင်းဖြစ်နေစဥ် သူမရဲ့ရုပ်အလောင်းအား နယ်ဝေးတစ်ခုမှာသွားရောက် မြှပ်နှံမည်ဟု ရေးသားထားသောစာကိုဖတ်မိသောအခါ မင်္ကာာတာနဲ့ ပုံများအား သေချာစစ်ဆေးကြည့်ခဲ့သည်။
ထိုအချိန်တွင် ရုပ်အလောင်းသယ်ဆောင်သွားသည့် တွန်းလှည်းနဲ့ပုံသည် အစစ်မဟုတ်ပဲ Googleကနေတဆင့် ကူးယူထားတဲ့ပုံဖြစ်နေကြောင်းသိရပြီး လိမ်ညာမှုကို ဖော်ထုတ်နိုင်ခဲ့သည်။
Nge (Cele Daily )
Zawgyi
Nge (Cele Daily )
  • Leave a Comment