ကိုယ်တိုင်က စားဝတ်နေရေးအတွက် ထီလက်မှတ်ရောင်းစားနေရသော်လည်း အိုင်ဖုန်းသစ်တစ်လုံးကောက်ရချိန်တွင် ရိုးသားစွာဖြင့် ပိုင်ရှင်လက်ထဲပြန်အပ်ခဲ့သော အဖွားအို

လောကကြီးရှိ အရာတော်တော်များများကို ငွေရှိရုံနဲ့ ဝယ်ယူဖြေရှင်းလို့ရသော်လည်း လူတစ်ယောက်ရဲ့ ရိုးသားတဲ့စိတ်ထားကိုတော့ ဘယ်အရာကမှ အဖိုးမဖြတ်နိုင်ခဲ့ပေ။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Dalatမြို့ရှိ အဖွားအိုတစ်ဦးသည် ဆင်းရဲနွမ်းပါးမှုကြောင့် စားဝတ်နေရေးအတွက် တစ်လမ်းဝင်တစ်လမ်းထွက်ပြီး ထီလက်မှတ်များ လိုက်ရောင်းခဲ့ရသည်။

တစ်နေ့မှာတော့ အဖွားအိုသည် ထီလက်မှတ်လှည့်လည်ရောင်းနေရင်း လမ်းတစ်နေရာမှာ တန်ဖိုးကြီးအိုင်ဖုန်းသစ်တစ်လုံးကို ကောက်တွေ့ခဲ့ပေမယ့် ဝင်ငွေအတွက် ရောင်းစားပစ်တာမျိုးမရှိပဲ ပိုင်ရှင်ဆက်သွယ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

အဖွားအိုရဲ့ ရိုးသားသောစိတ်ထားကြောင့် ဖုန်းပိုင်ရှင်မှာ ကျေးဇူးတင်စွာပဲ ငွေကြေးအချို့ပေးအပ်ခဲ့ပေမယ့် လက်မခံခဲ့ပဲ ထီလက်မှတ်လေးတွေသာ ဝယ်ယူအားပေးဖို့ ပြောဆိုခဲ့ခြင်းကြောင့် အများက ချီးမွမ်းခဲ့ကြသည်။

Nge (Cele Daily )

Zawgyi





Nge (Cele Daily )

  • Leave a Comment