မိဘနှစ်ပါးစိတ်ချမ်းသာဖို့အတွက် သတို့သားအားမချစ်ပဲ မင်္ဂလာပွဲကျင်းပခဲ့ရချိန် ဝမ်းနည်းမျက်ရည်များကျနေရှာသော မိန်းကလေး

မိဘအများစုတို့သည် သားသမီးတွေရဲ့ အနာဂတ်ကိုတွေးပူပြီး အိမ်ထောင်အမြန်ကျစေချင်ကာ တည်ငြိမ်သော မိသားစုသစ်လေးကို ပိုင်ဆိုင်စေလိုသည့်စိတ်နဲ့ လက်ထပ်ရန် တိုက်တွန်းလေ့ရှိကြသည်။

ယခုတွင်လည်း တရုတ်နိုင်ငံ Guizhouပြည်နယ်မှ ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးတွင် သတို့သမီးလေးသည် ပျော်ရွှင်ခြင်းကင်းမဲ့စွာနဲ့ ဓာတ်ပုံရိုက်သည့်အခါမှာလည်း မပြုံးနိုင်ပဲ ဝမ်းနည်းမျက်ရည်များသာ ကျနေခဲ့သည်။မိန်းကလေးသည် အသက်၂၀နှစ်သာရှိသေးသော်လည်း မိဘနှစ်ပါးက အိမ်ထောင်ကျစေချင်ပြီး သူမရဲ့သဘော ဆန္ဒမပါပဲ သူတို့သဘောကျသောကောင်လေးတစ်ဦးနဲ့ လက်ထပ်ရန်စီစဥ်ခဲ့ကြသည်။

မိန်းကလေးသည် မိဘနှစ်ပါးမှာ အသက်ကြီးနေပြီဖြစ်ပြီး အိမ်နီးနားချင်းဆွေမျိုးတွေကလည်း အိမ်ထောင်မပြုသေးပူးလားဟု မကြာခဏမေးနေကာ ဝေဖန်နေကြ၍ မိဘနှစ်ပါးစိတ်ချမ်းသာဖို့အတွက် သတို့သားအား မချစ်မနှစ်သက်ပဲ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့သည်။

Nge (Cele Daily )

Zawgyi





Nge (Cele Daily )

  • Leave a Comment