လောကကြီးတွင် အလွယ်တကူရသောအရာများထက် ကိုယ့်အားကိုယ်ကိုးပြီး အခက်အခဲတွေကြား ရုန်းကန်ကာ ကြိုးစားပြီးမှရရှိလာသော အောင်မြင်မှုက ပိုပြီးအဖိုးတန်သလို လူအများလည်း လေးစားဂုဏ်ပြုကြသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံက အသက်၃၁နှစ်အရွယ် လူငယ်တစ်ဦးသည် အထက်တန်းကျောင်းအောင်ပြီးနောက် ဆင်းရဲနွမ်းပါးသော မိဘနှစ်ပါးဆီက အထောက်အပံ့မယူတော့ပဲ ကိုယ်တိုင်အလုပ်လုပ်ပြီး ကျောင်းဆက်တက်ခဲ့သည်။လူငယ်လေးသည် ဆောက်လုပ်ရေးတစ်ခုမှာလုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ကယ်ကယ်ရီသမားအဖြစ်လုပ်ကိုင်ပြီး ဘွဲ့တစ်ခုရအောင်ကြိုးစားကာ သူဝါသနာပါသော ရှေ့နေလိုင်းကိုဆက်တက်ခဲ့ပြန်သည်။
လူငယ်လေးရဲ့ကြိုးစားအားထုတ်မှုတို့ကြောင့် ၉နှစ်အကြာ အလုပ်မျိုးစုံလုပ်ပြီး ပင်ပန်းရခဲ့သမျှ အကောင်အထည်ဖော်နိုင်ခဲ့ကာ မိဘနှစ်ပါးကိုလည်း ဂုဏ်ယူစေခဲ့သည်။
Nge (Cele Daily)
Zawgyi
အလုပ်မျိုးစုံလုပ်ကိုင်ရင်းနဲ့ ကျောင်းတက်ကာ မိဘနှစ်ပါးအတွက် ဂုဏ်ယူစရာကောင်းသော ရှေ့နေတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့သော လူငယ်လေး
Nge (Cele Daily)