ဇနီးဖြစ်သူမှ ဟင်းမျိုးစုံချက်ကျွေးနေတာကို ပိုက်ဆံအရမ်းဖြုန်းသည်ဟု ပြစ်တင်ဝေဖန်ခဲ့မိသော အမျိုးသားတစ်ဦးရဲ့အဆုံးသက်

မိသားစုတစ်စုစီတိုင်းရဲ့ နေ့စဥ်ကုန်ကျနေသောအသုံးစရိတ်များကို တွက်ချက်စီမံရသည်မှာ ငွေကိုင်ရသည့်အိမ်ရှင်မများကသာ အသိဆုံးဖြစ်သည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက အမျိုးသားတစ်ဦးသည် အလုပ်သွားပြီး ရသမျှလုပ်အားခငွေကို ဇနီးဖြစ်သူအား အကုန်ပေးအပ်သော်လည်း မေးလိုက်တိုင်း ပိုက်ဆံမရှိပူးဟုသာ ညည်းညူသံသာကြားခဲ့ရသည်။

ဇနီးဖြစ်သူကလည်း သူမအတွက် သုံးဖြုန်းနေခြင်းမျိုးမဟုတ်ပဲ မိသားစုအတွက်အသုံးစရိတ်သာ သုံးနေပေမယ့် ခင်ပွန်းသည်ဆီကနေ ပိုက်ဆံအရမ်းဖြုန်းသည်ဟု အပြစ်ပြောခံရတာကြောင့် သင်ခန်းစာပြဖို့ဆုံးဖြတ်ခဲ့သည်။

ဇနီးဖြစ်သူသည် ခင်ပွန်းသည်အလုပ်ကအပြန် ထမင်းဝိုင်းပြင်ပေးသောအခါ အရင်လိုဟင်းမျိုးစုံချက်ကျွေးမနေတော့ပဲ ဘာအသားမှမပါသည့်အပြင် အစိမ်းရောင်သက်သက် အသီးအရွက် ၉မျိုးကိုသာ ချက်ပြုတ်ပြင်ဆင်ပေးခဲ့သည်။ခင်ပွန်းဖြစ်သူမှာ ဇနီးသည်အား ပြောဆိုမိခဲ့သောစကားကို နောင်တရရင်း အစိမ်းရောင်ဟင်းစားပွဲကြီးကိုသာကြည့်၍ ကြေကွဲနေတော့သည်။

Nge (Cele Daily )

Zawgyi

ဇနီးျဖစ္သူမွ ဟင္းမ်ိဳးစုံခ်က္ေကြၽးေနတာကို ပိုက္ဆံအရမ္းျဖဳန္းသည္ဟု ျပစ္တင္ေဝဖန္ခဲ့မိေသာ အမ်ိဳးသားတစ္ဦးရဲ႕အဆုံးသက္

မိသားစုတစ္စုစီတိုင္းရဲ႕ ေန႔စဥ္ကုန္က်ေနေသာအသုံးစရိတ္မ်ားကို တြက္ခ်က္စီမံရသည္မွာ ေငြကိုင္ရသည့္အိမ္ရွင္မမ်ားကသာ အသိဆုံးျဖစ္သည္။သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံက အမ်ိဳးသားတစ္ဦးသည္ အလုပ္သြားၿပီး ရသမွ်လုပ္အားခေငြကို ဇနီးျဖစ္သူအား အကုန္ေပးအပ္ေသာ္လည္း ေမးလိုက္တိုင္း ပိုက္ဆံမရွိပူးဟုသာ ညည္းညဴသံသာၾကားခဲ့ရသည္။

ဇနီးျဖစ္သူကလည္း သူမအတြက္ သုံးျဖဳန္းေနျခင္းမ်ိဳးမဟုတ္ပဲ မိသားစုအတြက္အသုံးစရိတ္သာ သုံးေနေပမယ့္ ခင္ပြန္းသည္ဆီကေန ပိုက္ဆံအရမ္းျဖဳန္းသည္ဟု အျပစ္ေျပာခံရတာေၾကာင့္ သင္ခန္းစာျပဖို႔ဆုံးျဖတ္ခဲ့သည္။

ဇနီးျဖစ္သူသည္ ခင္ပြန္းသည္အလုပ္ကအျပန္ ထမင္းဝိုင္းျပင္ေပးေသာအခါ အရင္လိုဟင္းမ်ိဳးစုံခ်က္ေကြၽးမေနေတာ့ပဲ ဘာအသားမွမပါသည့္အျပင္ အစိမ္းေရာင္သက္သက္ အသီးအ႐ြက္ ၉မ်ိဳးကိုသာ ခ်က္ျပဳတ္ျပင္ဆင္ေပးခဲ့သည္။ခင္ပြန္းျဖစ္သူမွာ ဇနီးသည္အား ေျပာဆိုမိခဲ့ေသာစကားကို ေနာင္တရရင္း အစိမ္းေရာင္ဟင္းစားပြဲႀကီးကိုသာၾကည့္၍ ေၾကကြဲေနေတာ့သည္။

Nge (Cele Daily )

  • Leave a Comment