ဖခင်ဖြစ်သူ အိမ်ထောင်ဖက်အသစ်သွားတွေ့သော မိန်းကလေးမှာ အတန်းပိုင်ဆရာမဖြစ်နေတာကြောင့် အံ့အားသင့်ကာ ဖခင်လက်ဆွဲပြီး ထွက်ပြေးဖို့လုပ်ခဲ့သော ကလေးမလေး

ကလေးငယ်အများစုတို့သည် မိဘအုပ်ထိန်းသူတွေဆီကနေ အချစ်ခံရ၍ ဆိုးချင်တိုင်းဆိုးတတ်ကြသော်လည်း ကျောင်းနေသည့်အခါ သူတို့ရဲ့အတန်းပိုင်ဆရာမအား အလွန်ကြောက်ကာ စကားတစ်ခွန်းတည်းနဲ့ နာခံတတ်ကြသည်။

ယခုတွင်လည်း တရုတ်နိုင်ငံ Shaanxiပြည်နယ်မှ အသက်၅နှစ်အရွယ် ကလေးမလေးတစ်ဦးသည် ငယ်စဥ်မှာပဲ မိခင်ဖြစ်သူက မတော်တဆဖြစ်ပြီး ဆုံးပါးသွား၍ ဖခင်နဲ့အတူ အဖိုးအဖွား လက်ထဲတွင်သာ ကြီးပြင်းခဲ့ရသည်။ကလေးမလေးရဲ့ဖခင်ဖြစ်သူမှာ ငယ်ရွယ်သေးသလို သမီးလေးအတွက်လည်း မိခင်ရဲ့မေတ္တာပေးနိုင်သူလိုအပ်တာကြောင့် ဆွေမျိုးမိဘများက နောက်အိမ်ထောင်ပြုရန် တိုက်တွန်းပြီး အိမ်ထောင်ဖက်အသစ်တွေ့ရန် စီစဥ်ပေးခဲ့သည်။

ထိုအခါ ဖခင်ဖြစ်သူသည် သူ့မှာသမီးလေးရှိနေတာကို တစ်ဖက်ကမိန်းကလေးသိစေရန် သမီးလေးကိုပါခေါ်သွားတွေ့ခဲ့စဥ် ထိုမိန်းကလေးမှ အခြားသူမဟုတ်ပဲ သမီးဖြစ်သူရဲ့အတန်းပိုင်ဆရာမဖြစ်နေခဲ့သည်။ကလေးမလေးသည် အတန်းပိုင်ဆရာမကိုမြင်တာနဲ့ အံ့အားသင့်ကာ ကြောက်ကြောက်နဲ့ဖခင်အား ထိုမိန်းကလေးနဲ့ မလိုက်ဖက်ပူးဟုဆိုကာ လက်ဆွဲပြီးအတင်းထွက်ပြေးဖို့လုပ်ခဲ့သည်မှာ ရယ်မောစရာကောင်းလှသည်။

Nge (Cele Daily )

Zawgyi





Nge (Cele Daily )

  • Leave a Comment