လောကကြီးတွင် ဘယ်အရာမဆို အပြင်ပုံပန်း သဏ္ဌာန်ကိုကြည့်ပြီး ဆုံးဖြတ်လိုက်ပါက တစ်ခါတစ်လေ လွဲမှားမှုတွေနဲ့ကြုံရတတ်သည်။ယခုအခါမှာလည်း တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ မိန်းကလေးလူငယ်တစ်စုတို့သည် အေးချမ်းလှသည့်ကြားက လမ်းဘေးတစ်နေရာမှာ လိမ္မော်သီးထိုင်ရောင်းနေသော အသက်၇၀အရွယ် အဖိုးအိုကို မြင်တွေ့သောအခါ သနားမိပြီး အိမ်အစောပြန်နိုင်ရန်အတွက် လိမ္မော်သီးအားလုံးကို ဝယ်ယူခဲ့ကြသည်။
အဖိုးအိုသည် လိမ္မော်သီးအားလုံးကို ရောင်းကုန်ပြီးသော်လည်း မိန်းကလေးလူငယ်စုအား အိမ်မှာရှိသေးကြောင်းဆိုကာ သူ့ရဲ့အိမ်သို့လိုက်ခဲ့ဖို့ ခေါ်ခဲ့သည်။မိန်းကလေးလူငယ်စုတို့သည်လည်း အဖိုးအိုအား ကူညီရန်အိမ်သို့လိုက်သွားချိန် သူတို့ထင်ထားသလို အဖိုးအိုမှာ ဆင်းရဲနွမ်းပါးသူမဟုတ်ပဲ ခမ်းနားထည်ဝါလှသောတိုက်အိမ်ကြီးမှာ နေထိုင်သူဖြစ်ကာ ကျယ်ဝန်းလှသော အိမ်နောက်ဖေးတွင်လည်း လိမ္မော်သီးပင်များနဲ့အတူ အခြားသောသီးနှံများစွာကို စိုက်ပျိုးထားကြောင်း အံ့အားသင့်စွာ တွေ့ခဲ့ရသည်။
ထိုအခါမှပဲ လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ ဆုံးဖြတ်ချက်ချမရကြောင်း လူမှုကွန်ယက်ပေါ်မျှဝေခဲ့သည်။
Nge (Cele Daily )
Zawgyi
ချမ်းအေးသည့်ကြားက စားဝတ်နေရေးအတွက် လိမ္မော်သီးထိုင်ရောင်းနေရသော သနားစရာအဖိုးအိုရဲ့ဘဝမှန်ကို သိရချိန် အကုန်လုံး အံ့အားသင့်ခဲ့ရသည့်အဖြစ်
Nge (Cele Daily )