သားသမီးတွေဘဝကောင်းစားရေးအတွက် မိဘများက အစစအရာရာ ထောက်ပံ့ကူညီပေးခဲ့သလို သားသမီးတိုင်းကလည်း အောင်မြင်လာချိန်ကျ အရင်ဦးဆုံး ကိုယ့်ရဲ့မွေးကျွေးဇူးရှင် ကျွေးကျေးဇူးရှင်ဖြစ်တဲ့ မိဘနှစ်ပါးကို နည်းလမ်းအမျိုးမျိုးနဲ့ပြန်လည်ကျေးဇူးဆပ်ကြသည်။
ယခုအခါမှာလည်း ဗီယက်နမ်နိုင်ငံက အသက်၂၃နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကျေးလက်ဒေသမှာကြီးပြင်းခဲ့ရကာ အခက်အခဲများစွာနဲ့ ကြုံတွေ့ခဲ့ရသည်။မိန်းကလေးသည် အထက်တန်းကျောင်းအောင်မြင်ချိန်မှာတော့ မိဘနှစ်ပါးအား ပိုမိုကောင်းမွန်သော ဘဝမျိုးကိုပေးချင်၍ နိုင်ငံခြားသို့ အလုပ်ထွက်လုပ်ခဲ့သည်။
မိန်းကလေးသည် ထိုင်ဝမ်နိုင်ငံမှာ ၅နှစ်အကြာ အွန်လိုင်းစီးပွားရေးလုပ်ငန်းလုပ်ကိုင်ခဲ့ပြီးနောက် ရွာမှာရှိသော မိဘနှစ်ပါးနေထိုင်သည့် အိမ်ဟောင်းလေးကို အသစ်ပြန်လည်မွမ်းမံဆောက်လုပ်ပေးကာ ဇိမ်ခံကားသစ်တစ်စီးကိုပါ ဝယ်ယူပေးနိုင်ခဲ့တာကြောင့် အများရဲ့ချီးမွမ်းခြင်းများစွာကို ခံနေရသည်။
Nge (Cele Daily )
Zawgyi
နိုင်ငံခြားမှာ၅နှစ်အကြာ အလုပ်ထွက်လုပ်ပြီးအသက်၂၃နှစ်အရွယ်မှာတင် မိဘနှစ်ပါးအတွက် တိုက်တစ်လုံး၊ ကားတစ်စီးဝယ်ပေးနိုင်ခဲ့သော မိန်းကလေး
Nge (Cele Daily )