မယားငယ်ဆိုပေမယ့် ခင်ပွန်းသည်၏ ကျန်းမာရေးအတွက် လိုအပ်လာသောအခါ ကျောက်ကပ်တစ်ခြမ်းကို ထုတ်ပေးခဲ့သည့်ဇနီးသည်၏ ချစ်ခြင်းမေတ္တာ

ပတ်ဝန်းကျင်ရှိလူတိုင်းက အိမ်ထောင်ကျဖူးသည့် အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးတစ်ယောက်ဖြင့်သာ လက်ထပ်ယူခဲ့ပါက အထင်သေးကာ ဝေဖန်ကြတော့တာဖြစ်ပါတယ်။လူတိုင်းသည် စစ်မှန်သော ဘဝလက်တွဲဖော်ကို အချိန်နောက်ကျမှ တွေ့ရှိရတာမျိုး ဖြစ်နေတတ်ပါတယ်။

ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသားဟာ ကျောက်ကပ်ပျက်စီးနေခဲ့ပြီး အသက်ဆက်ရှင်နိုင်ရန်အတွက် ကျောက်ကပ်လှူဒါန်းမည့်သူကို လိုအပ်လာခဲ့ပါတယ်။ထိုအခါ ဇနီးဖြစ်သူက တွေဝေနေခြင်းမရှိဘဲ ချက်ချင်းခွဲခန်းဝင်ကာ ခင်ပွန်းသည်အတွက် ထုတ်ပေးခဲ့တာ​ဖြစ်ပါတယ်။

သူဟာ အမျိုးသား၏နောက်အိမ်ထောင်ဖြစ်သော်လည်း စစ်မှန်သော ချစ်ခြင်းတရားကြောင့် လောက၏ဝေဖန်သံတွေကို ဂရုမစိုက်ဘဲ လက်တွဲလာခဲ့တာဖြစ်ပါတယ်။ခွဲစိတ်ပြီးချိန်မှာလည်း ခင်ပွန်းဖြစ်သူကို ပွေ့ဖက်ရင်း နှစ်သိမ့်ပေးနေခဲ့သေးတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment