ကင်ဆာရောဂါကြောင့် သေဆုံးသွားရသည့် သူငယ်ချင်းဖြစ်သူကို အုတ်ဂူလေးလုပ်ပေးချင်တာကြောင့် ကျောင်းက ကော်ဖီဆိုင်လေးမှ အချိန်ပိုင်းအလုပ်ဝင်လုပ်ခဲ့သည့် ၁၂နှစ်အရွယ်ကျောင်းသားလေး

အမေရိကန်နိုင်ငံ မီရှီဂန်ပြည်နယ် မီရှီဂန်မြို့မှ အသက်၁၂နှစ်အရွယ် ကလေးငယ်လေး Kenneth KJ Grossဟာ ငယ်စဥ်တည်းက ကင်ဆာရောဂါကို ခံစားနေရပြီး လွန်ခဲ့သောရက်ပိုင်းမှ ရောဂါအခြေအနေဆိုးရွားကာ နှလုံးကိုပါထိခိုက်မိခဲ့ပြီး သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

ထိုအခါ ကောင်လေး၏မိဘများကလည်း ကုသခဲ့ရသော ဆေးရုံစရိတ်တွေကြောင့် အကြွေးများနေခဲ့ပြီး ကလေးအတွက် အုတ်ဂူလေးပြုလုပ်ပေးရန် ငွေကြေးမတတ်နိုင်ခဲ့ပေ။ထို့ကြောင့် ကောင်လေး၏၂တန်းတည်းက ခင်မင်လာခဲ့သော အချစ်ဆုံးသူငယ်ချင်းလေး Maji Kaleb က အုတ်ဂူလေးလုပ်ပေးချင်ခဲ့တာဖြစ်ပါတယ်။

ကျောင်း၏ကော်ဖီဆိုင်လေးမှ အချိန်ပိုင်းအလုပ်ဝင်လုပ်ခဲ့ပြီး ဝင်ငွေရရှိရန် သန့်ရှင်းရေးသမားအနေဖြင့်လည်း အလုပ်လုပ်ကာ ပိုက်ဆံရှာနေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment