ပညာသင်ရန်အတွက် ငွေကြေးအခက်အခဲဖြစ်နေသည့် ကလေးတွေကို အခမဲ့ပညာသင်ကြားပေးရင်း ပင်ပန်းမှုတွေကြားမှ အပြုံးမပျက်ဘဲ စေတနာထား သင်ကြားပေးနေခဲ့သည့် ၈၉နှစ်အရွယ် အငြိမ်းစားဆရာမ

ပညာသင်ကြားရန်အတွက် ကျောင်းတော်ကြီးသို့ မသွားနိုင်ဘဲ လမ်းဘေးမှာအချိန်ကုန်နေကြသော ကလေးသူငယ်များကို ကမ္ဘာ့နိုင်ငံတိုင်းတွင် မြင်တွေ့နေရပါတယ်။လမ်းဘေးရောက်နေသော ကလေးများသည်လည်း နောက်တစ်ချိန်မှာ နိုင်ငံကိုဦးဆောင်နိုင်သည့်အရည်အချင်းမျိုး ရှိနေနိုင်တာကြောင့် ပညာသင်ကြားရန် လိုအပ်လှပါတယ်။

ထို့ကြောင့် ကလေးသူငယ်တိုင်းကို စာတတ်မြောက်လာစေရန်အတွက် ကိုယ်ကျိုးမကြည့်ဘဲ ကြိုးစားဆောင်ရွက်ပေးနေသည့် အသက်၈၉နှစ်အရွယ် အငြိမ်းစား ဆရာမကြီးဟာ လေးစားဖွယ်ကောင်းလှပါတယ်။

အသက်အရွယ်ကြောင့် ပညာသင်ကြားပေးရန် ပင်ပန်းမှုတွေ ခံစားရနိုင်ပေမယ့် ကလေးများကို တက်မြောက်စေချင်သောဆန္ဒဖြင့် တစ်နေကုန်အောင် မမောမပန်းနိုင်ဘဲ သင်ကြားပေးနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment