ခန္ဓာကိုယ်မသန်စွမ်းဘဲ ပိုလီယိုရောဂါကို ခံစားနေရသည့် သမီးလေးက သူရဲ့ချစ်သူနှင့် မင်္ဂလာဆောင်ခွင့်ရခဲ့တာကြောင့် ပျော်ရွင်နေပုံလေးကို ငေးကြည့်ရင်း စိတ်မကောင်းဖြစ်နေရှာသည့် ဖခင်

မကြာသေးမီက လူမှုကွန်ယက်ပေါ်တွင် ပျံနှံလာခဲ့သော မင်္ဂလာပွဲတစ်ခု၏ပုံရိပ်တွေဟာ လူအများကို စိတ်ဝင်စားမှုမြင့်တက်စေခဲ့ပါတယ်။မင်္ဂလာပွဲတွင် သတိုးသမီးလေးသည် မသန်စွမ်းသူတစ်ဦးဖြစ်ပြီး သာမန်လူတွေလို လမ်းလျှောက်စကားပြောနိုင်ခြင်းမရှိပေ။

သို့သော် သတိုးသမီးလေးဟာ သူ၏ချစ်သူကောင်လေးနှင့် ဘဝတစ်ခုလုံးပေါင်းဖက်ရတော့မည်ဆိုသောအသိလေးကြောင့် မင်္ဂလာပွဲတွင် အတိုင်းမသိပျော်ရွင်နေခဲ့တာဖြစ်ပါတယ်။သတိုးသမီးလေးပျော်ရွင်နေတာကို ငေးကြည့်ရင်း ဖခင်ဖြစ်သူက ဝမ်းနည်းစိတ်မကောင်းဖြစ်နေရသည်ဟု ရင်ဖွင့်လာခဲ့ပါတယ်။

အကြောင်းရင်းကတော့ မသန်စွမ်းသည့်သမီးလေးက သာမန်လူတွေလိုဖြစ်နေခဲ့လျှင် မည်မျှပျော်ရွင်နေမလဲဆိုတဲ့ ဖခင်တစ်ဦး၏ မေတ္တာကြောင့်ပင်ဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment