ကင်ဆာရောဂါသည် လူတို့၏အသက်အန္တာရာယ်ကို ဒုက္ခပေးနိုင်သောရောဂါမျိုးဖြစ်ပြီး ကုသရန်အတွက်လည်း ငွေကြေးများစွာကုန်ကျခံနိုင်မှာသာ ရောဂါပျောက်ကင်းဖို့ မျှော်လင့်နိုင်မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံ Henanပြည်နယ်မှ အသက်၁၄နှစ်အရွယ်သာရှိသေးသည့် ကောင်မလေးဟာ သွေးကင်ဆာရောဂါကို ခံစားနေရပြီး ဆေးရုံတွင်ကုသမှုခံယူနေခဲ့ရပါတယ်။ငွေကြေးများစွာကုန်ကျနေသော ဆေးရုံစရိတ်တွေကို ရရှိစေရန်အတွက် အသက်၁၆နှစ်အရွယ်အကိုဖြစ်သူဟာ ကုန်ထမ်းသမားအနေဖြင့် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။
ပို့ဆောင်ရေးကုမ္ပဏီတစ်ခုတွင် ကားပေါ်မှပစ္စည်းတွေကို ကုန်တင်ကုန်ချလုပ်ပေးရပြီး ဆေးရုံစရိတ်အတွက် ဝင်ငွေရရှိစေရန် နေ့ရောညပါ အလုပ်လုပ်နေခဲ့ရတာဟု သိရပါတယ်။
Shoon (Cele Daily)
Zawgyi
သွေးကင်ဆာရောဂါကို ခံစားနေရသော ညီမလေးကို ဆေးကုပေးနိုင်ရန်အတွက် ကုန်ထမ်းသမားအနေဖြင့် နေ့ရောညပါ အလုပ်လုပ်ကာ ဝင်ငွေရှာဖွေပေးနေခဲ့သည့် အသက်၁၆နှစ်အရွယ်လူငယ်လေး
Shoon (Cele Daily)