လူသားတို့၏စိတ်ဟာမည်မျှဆန်းကြယ်နေလဲဆိုလျှင် အချို့သောသူများသည် အတိတ်မေ့သွားသည့်အချိန်မျိုးမှာပင် မိမိ၏အမှန်တကယ်ချစ်ရသူကိုတော့ သတိရနေတတ်ကြတာဖြစ်ပါတယ်။
ထိုင်နိုင်ငံဘန်ကောက်မြို့တွင်နေထိုင်သော အသက်၉၂နှစ်အရွယ် အဖိုးအိုဟာ ကွဲကွာသွားတာ နှစ်၇၀ရှိနေပြီဖြစ်သော ရည်းစားဟောင်းကို သတိရလျက်ရှိနေခဲ့ပါတယ်။ထို့ကြောင့်လည်း Nakhon Ratchasimaပြည်နယ်သို့ ခရီးနှင်လာခဲ့ပြီး ရည်းစားဟောင်းကိုတွေ့နိုင်ရန် လာရောက်ရှာဖွေနေခဲ့တာဖြစ်ပါတယ်။
ရည်းစားဟောင်းဟာ သက်ရှိထင်ရှားရှိနေမည်ဆိုပါက အသက်၈၈နှစ်သို့ရောက်ရှိနေမယ်ဟုလည်း ဆိုခဲ့သေးတာဖြစ်ပါတယ်။စစ်မှန်သောချစ်ခြင်းတရားနှင့် မမေ့နိုင်သေးတဲ့အဖိုးအို၏ ခံစားချက်ဟာ ဘယ်လောက်လွမ်းဆွတ်နေမယ်ဆိုတာ ရိပ်စားမိပါတယ်။
Shoon (Cele Daily)
Zawgyi
ကွဲကွာသွားတာ နှစ်ပေါင်း၇၀အထိရှိနေပြီဖြစ်တဲ့ ရည်းစားဟောင်းကို နေ့စဉ်လွမ်းဆွတ်နေတာကြောင့် ယနေ့ထိလိုက်ရှာနေဆဲဖြစ်သည့် အသက်၉၂နှစ်အရွယ်အဖိုးအို
Shoon (Cele Daily)